အားကစားဒါရိုက်တာရာထူးဆိုသည်မှာ ဘာလဲဟု အာစင်ဝင်းဂါး မေးခွန်းထုတ်

အားကစားဒါရိုက်တာရာထူးဆိုသည်မှာ ဘာလဲဟု အာစင်ဝင်းဂါး မေးခွန်းထုတ်

မေ ၉၊ အင်္ဂလန် ။              ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အားကစားဒါရိုက်တာရာထူးဆိုသည်မှာ ဘာလဲဟု မန်ယူကို အနိုင်ရသည့်ပွဲအပြီးတွင် မေးခွန်းထုတ်လိုက်သည်။

ယခုနှစ်တွင် အာဆင်နယ်အသင်း၏ရလဒ်များဆိုးရွားမှုကြောင့် အာစင်ဝင်းဂါးကို အသင်းမှထွက်ခွာသွားရန် ပရိသတ်များက တောင်းဆိုလျက်ရှိသည်။ သို့သော် အာဆင်နယ်အသင်း၏အဓိကရှယ်ယာရှင် ခရွန်ကီမှာ ဝင်းဂါးကို စာချုပ်သစ် ချုပ်ဆိုလိုလျက် ရှိသည်။

ယင်းအခြေအနေတွင် အာဆင်နယ်အသင်းက ဝင်းဂါးကို အားကစားဒါရိုက်တာရာထူးဖြင့် အသင်း၌ဆက်ရှိနေစေမည်ဆိုသော သတင်းများထွက်ပေါ်လာခဲ့သည်။

ထိုသတင်းများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ရာတွင် ဝင်းဂါးက သူ၏အနာဂတ်ကို လာမည့်ဇွန်လတွင် ပြောမည်ဟု အတည်ပြုသည်။

‘အားကစားဒါရိုက်တာရာထူးဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲ့ဒါဘာကိုဆိုလိုသလဲဆိုတာ ဘယ်တုန်းကမှ ကျွန်တော် နားမလည်ခဲ့ပါဘူး။

ကျွန်တော်က အာဆင်နယ်အသင်းရဲ့ နည်းပြပါ။ အသင်းနဲ့ပတ်သက်တဲ့နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ကျွန်တော်ပဲ ချမှတ်ပါမယ်။ ကျွန်တော့်ရဲ့အနာဂတ်ကို အခုအချိန်မှာ ပြောဖို့ပြင်ဆင်ထားခြင်းမရှိပါဘူး။ အသင်းမှာ ဆက်ရှိမလား၊ မရှိဘူးလားဆိုတာကို လာမယ့်လမှာ ပြောပါမယ်’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly