ဇူလိုင် ၃၁ ။ ။ ဇူလိုင်၂၈ရက်၌ မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် လူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်ကို တားဆီးစစ်ရေးရာမှ ရွှေအတုံး ၂ဝ (၁၉ ဒသမ ၄၄၂ Kg) ကို မူဆယ် Mobile Team အဖွဲ့က သိမ်းဆည်းရမိသည်ဟု သိရသည်။
စီးနင်းလာသူနှစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ သိမ်းဆည်းမိသည့် ရွှေတုံးများနှင့် ဆိုင်ကယ်အား အကောက်ခွန်အမှုတွဲဖွင့်၍ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွဲှပြောင်းအပ်နှံခဲ့သည်ဟုဆိုသည်။