တစ်မှတ်သာကွာတော့လျှင် ချယ်လ်ဆီးဖိအားဝင်သွားလိမ့်မည်ဟု ဟယ်ရီကိန်းပြော

တစ်မှတ်သာကွာတော့လျှင် ချယ်လ်ဆီးဖိအားဝင်သွားလိမ့်မည်ဟု ဟယ်ရီကိန်းပြော

မေ ၂၊ လန်ဒန်။         ။ တစ်မှတ်သာ ကွာတော့သည့် အနေအထားသို့ စပါးအသင်း လျှော့ချနိုင်ခဲ့ပါက ချယ်လ်ဆီးအသင်း ဖိအားဝင်သွားလိမ့်မည်ဟု ဟယ်ရီကိန်းက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ရာသီက စပါးအသင်းခြေချော်ခဲ့ပြီး လက်စတာအသင်းဖလားရသွားခြင်းမှ သင်ခန်းစာယူမည်ဟုလည်း ကိန်းက ကတိပြု ခဲ့သည်။

စပါးအသင်းအနေဖြင့် သောကြာညတွင် ဝက်စ်ဟမ်းကို အနိုင်ရပါက ဇယားထိပ်နှင့်တစ်မှတ်သာကွာတော့မည်ဖြစ်ပြီး ချယ်လ်ဆီး အသင်းမှာ တန်းမဆင်းရရေးရုန်ကန်နေသည့် မစ်ဒယ်ဘရော့နှင့် တနင်္လာညမှ ကစားရမည်ဖြစ်သည်။

“အရင်ကန်ရတာကောင်းတယ်။ တစ်မှတ်ပဲကွာတော့အောင် ကျွန်တော်တို့ကြိုးစားမှာဖြစ်ပြီး ဘာဆက်ဖြစ်မလဲကြည့်ကြမယ်။ အဲဒါက ပြီးခဲ့တဲ့နှစ်ကလို လက်စတာက ကျွန်တော်တို့ထက်အရင်ကစားရတာနဲ့တူတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။

အရင်ကစားပြီး ဖိအားပေးဖို့ကြိုးစားရတာ ကောင်းပါတယ်။ ဒါကြောင့် သောကြာညမှာ ကစားရတာကောင်းပါတယ်။ အဝေးကွင်း ပွဲကျပ်တစ်ပွဲဆိုပေမယ့် အနိုင်ရပြီး ဖိအားဆက်ပေးပြီး ဘာဆက်ဖြစ်မလဲ ကြည့်ကြမယ်”ဟု ဟယ်ရီကိန်းက ဆိုသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly