လက်ကျန်ပွဲများအားလုံးမှာ ဗိုလ်လုပွဲများပင်ဖြစ်သည်ဟု မာတာပြော

လက်ကျန်ပွဲများအားလုံးမှာ ဗိုလ်လုပွဲများပင်ဖြစ်သည်ဟု မာတာပြော

မေ ၂၊ မန်ချက်စတာ။              ။ ချန်ပီယံလိဂ်ဝင်ခွင့်ရရန်ရည်မှန်းနေသည့် မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် လက်ကျန်ပွဲများအားလုံးကို ဗိုလ်လုပွဲများ သဖွယ်သဘောထားရန် မာတာက တိုက်တွန်းလိုက်သည်။

ယူနိုက်တက်သည် ဆွမ်ဆီးနှင့် တစ်ဂိုးစီသရေကျခဲ့ရာ မစ်ဒယ်ဘရော့နှင့် သရေကျသည့် မြို့ခံပြိုင်ဘက်မန်စီးတီးကို ကျော်ဖြတ် နိုင်မည့်အခွင့်အရေးလက်လွှတ်ခဲ့ရသည်။

ကြာသပတေးနေ့တွင် ဆယ်လ်တာဗီဂိုနှင့် ယူရိုပါလိဂ်ဆီမီးပထမအကျော့ အဝေးကွင်းပွဲကစားရမည့် ယူနိုက်တက်အနေဖြင့် ယူရိုပါလိဂ်ဗိုလ်စွဲခြင်းမှလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သည့် အခွင့်အရေးရှိ်နေသည်။

မေ ၂၄ တွင်ပြုလုပ်မည့် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ရန် ယူနိုက်တက် ရေပန်းစားနေသော်လည်း ဆယ်လ်တာအသင်းကို ခက်ခဲသည့် စမ်းသပ်မှုတစ်ခုအဖြစ် မာတာက ရှုမြင်နေသည်။

“ဒီတစ်ပတ်မှာ စိန်ခေါ်မှုကြီးနှစ်ခုက စောင့်ကြိုနေတယ်။ ပထမတစ်ခုက ယူရိုပါလိဂ်မှာ ဆယ်လ်တာနဲ့ သွားကစားရမယ်။ သူတို့ဟာ စပိန်မှာ ကစားပုံကောင်းတာ ဒီတစ်ရာသီတည်းမှမဟုတ်ဘူး။

အိမ်ကွင်းမှာ ပြန်ကစားရမှာက ကောင်းတယ်ဆိုပေမယ့်လည်း တစ်ချိန်တည်းမှာပဲ အရမ်းခက်လိမ့်မယ်။ သူတို့ကိုနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံးလုပ်ကြရလိမ့်မယ်။

နောက်တစ်ခုက ရက်နည်းနည်းကြာပြီးရင် အဓိကကျတဲ့ သုံးမှတ်အတွက် ပြိုင်ဘက်ကြီး အာဆင်နယ်နဲ့တွေ့ရမယ်။ ခုချိန်ကစလို့ ပွဲတိုင်းက ကျွန်တော်တို့အတွက် ဗိုလ်လုပွဲပဲ”ဟု မာတာက ပြောသည်။

မာတာသည် ပေါင်ခြံဒဏ်ရာမှ စောစီးစွာသက်သာလာပြီး ဆွမ်ဆီးနှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် အရန်ခုံ၌ ပြန်လည်ပါဝင်လာ ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags