စီရော်နယ်ဒိုထက် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား မက်ဆီက ပိုသာသည်ဟု ဇာဗီးဆို

စီရော်နယ်ဒိုထက် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား မက်ဆီက ပိုသာသည်ဟု ဇာဗီးဆို

မေ ၂၊ ဘာစီလိုနာ။          ။ ဘာစီလိုနာဂန္ထဝင်ကစားသမား ဇာဗီးက စီရော်နယ်ဒိုကို ချီးကျူးခဲ့သော်လည်း မက်ဆီသည် အကောင်းဆုံးကစားသမားအဖြစ် သမိုင်းတွင်ကျန်နေလိမ့်မည်ဟု ပြောသည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ပုံမှန်နှိုင်းယှဉ်ခံရလေ့ရှိပြီး သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဆိုသည့်အပေါ်တွင်လည်း အမြဲဆွေးနွေးငြင်းခုန်ခံရလေ့ရှိသည်။

မက်ဆီ၏အသင်းဖော်ဖြစ်ခဲ့သည့် ဇာဗီးက စီရော်နယ်ဒိုမှာချီးကျူးခံထိုက်သူဖြစ်သော်လည်း ယင်းပေါ်တူဂီတိုက်စစ်မှူးမှာ အာဂျင်တိုင်း၏ အသာရခြင်းခံရသည်ဟု ဇာဗီးက ယူဆနေသည်။

“ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဂိုးသွင်းသူအဖြစ်မွေးဖွားလာသူဖြစ်ပြီး လက်ဖျားခါလောက်တဲ့ ဘောလုံးသမားတစ်ယောက်ပါ။ ပြဿနာက မက်ဆီရှိနေတာပါ။ ကျွန်တော့်အတွက်တော့သူက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားပါပဲ။

အဲဒါက စီရော်နယ်ဒိုအတွက် တစ်ခုတည်းသောပြဿနာပါ။ ဒါပေမဲ့သူဟာ ဂိုးတွေသွင်းပြီးတော့ ခေတ်တစ်ခေတ်ကို ဆက်လက်ထူထောင်ဦးမယ့်သူလည်းဖြစ်ပါတယ်”ဟု ဇာဗီးက ပြောသည်။

လာလီဂါတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံဆုအတွက်အပြိုင်ဖြစ်နေပြီး တစ်ပွဲပိုကစားထားသည့် ဘာစီလိုနာက ရမှတ်တူ၊ ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်နေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly