ဧပြီ ၃၀၊ လီဗာပူးလ်။ ။ အင်္ဂလန်တိုက်စစ်မှူးစတာရစ်ချ်အနေဖြင့် နွေရာသီတွင် အန်ဖီးလ်မှထွက်ခွာရန်ဆုံးဖြတ်ဖြစ်ပါက လီဗာပူးလ်အသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ သတ်မှတ်မည်ဖြစ်သည်။
စတာရစ်ချ်ကို ပီအက်စ်ဂျီအသင်းက ဆွဲဆောင်နေသည့်အပြင် ဝက်စ်ဟမ်းအသင်းနည်းပြ ဘီလစ်ကလည်း စိတ်ဝင်စားသည်ဟု ပြောဆိုထားသည်။
သို့သော် ၎င်းသည်နည်းပြကလော့ပ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်အတွက်ရုန်းကန်နေရပြီး ရာသီအစပိုင်းက တင်ပါးဒဏ်ရာနှင့် ဗိုင်းရပ်စ်ကြောင့် အနားယူခဲ့ရသည်။
အသင်းအတွက် ၁၁၅ ပွဲကစား ၅၉ သွင်းထားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အင်္ဂလန်အတွက် ရှစ်ဂိုးသွင်းထားသည့် စတာရစ်ချ်အတွက် အပြိုင်အဆိုင်များစွာရှိလာလိမ့်မည်ဟု လီဗာပူးလ်အသင်းက ယူဆထားသည်။
မာဆေးဆိုက်ဒ်ကလပ်အနေဖြင့် တိုက်စစ်မှူးများရောင်းချရာမှပြောင်းရွှေ့ကြေးများစွာရသည့် အစဉ်အလာများရှိခဲ့ဖူးသည်။
တောရက်စ်ကို ချယ်လ်ဆီးသို့ပေါင်းငန်း ၅၀၊ ဆွာရက်ဇ်ကို ဘာစီလိုနာသို့ ပေါင် ရ၅ သန်း၊ ဘန်တီကီကို ပဲလေ့စ်သို့ပေါင် ၃၂ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
Ref; Daily Mail