ဧပြီ ၂၈၊ မြူးနစ်။ ။ ဂျူဗင်တပ်မှအငှားဖြင့် လာရောက်ကစားနေသည့် ကင်စလေ ကိုးမန်းကို စာချုပ်ပြည့်ကာနီးတွင် ပေါင် ၁၈ သန်းဖြင့် စတင် ကမ်းလှမ်းသွားမည်ဟု ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုသည်။
ဒုတိယမြောက်အငှားရာသီကိုဖြတ်သန်းနေသည့် အသက် ၂၀ အရွယ် ကိုးမန်းသည် ဘိုင်ယန်မြူးနစ်နှင့် ၂၀၂၀ ထိ သက်တမ်းရှိ မည့် စာချုပ်ကိုလက်မှတ်ထိုးရန်လည်း သဘောတူညီခဲ့ပြီးဖြစ်သည်။
နည်းပြဖြစ်သူ အန်ဆလော့တီသည် နိုဝင်ဘာကတည်းက ကိုးမန်းကိုအပြီးသတ်ခေါ်ယူလိုကြောင်း အတည်ပြုခဲ့ပြီး ယခုအခါ အသင်းက တရားဝင်ကြိုးပမ်းလာခြင်းဖြစ်သည်။
“အလားအလာသိပ်ကောင်းလွန်းတဲ့ ကစားသမားလေးပါ။ လာမယ့်နှစ်တွေမှာ အသင်းကိုအများကြီးကူပေးနိုင်မယ့်သူလို့ ကျွန်တော်တို့ ယုံတယ်”ဟု အသင်းအမှုဆောင်ချုပ် ကားလ်ဟိန့်ဇ် ရူမင်နစ်ဂီက ပြောသည်။
အသက် ၂၀ အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမားသည် ၂၀၁၅ သြဂုတ်တွင် ဂျူဗင်တပ်မှ ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့် ရောက်လာခဲ့သူဖြစ်သည်။
Ref; Daily Mail