မြောက်ကိုရီးယားအား စတင် တည်ထောင်ခဲ့သူ Kim Il-sung ၏ ၁၀၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် မြောက်ကိုရီးယားနိုင်ငံသည် ကြီးကျယ်ခမ်းနာသော စစ်ရေးပြမှှု ပြုလုပ်ခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် စစ်ရေးဒေါသ ကို အဆုံးမသတ်ပါက ဖြစ်ပေါ်လာနိုင်သည့် ကြမ်းတမ်းသော အခြေအနေကို မြောက်ကိုရီးယားက ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း မြောက်ကိုရီးယားက သတိပေးလိုက်သည်။
မြောက်ကိုရီးယားနိုင်ငံသည် နူကလီးယားစမ်းသပ်မှှုတစ်ရပ် ပြုလုပ်ရန် ပြင်ဆင်နေကြောင်းလည်း မှန်းဆချက်များ ထွက်ပေါ်လျက်ရှိသည်။
နေသာသော တနင်္ဂနွေနေ့ နံနက်တွင် ပြံုးယမ်းမြို့ Kim Il-sung ရင်ပြင်တွင် စစ်တီးဝိုင်း၏ စစ်သီချင်းတီးခတ်မှှုနှင့် အတူ သောင်းပေါင်းများစွာသော စစ်သားများ နှင့် စစ်ဘက်ဆိုင်ရာ ယာဉ်များက စစ်ရေးပြခဲ့ကြသည်။
စစ်ရေးပြ အခမ်းအနား အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တိုက်ချင်းပစ် ဒုံးကျည်သစ် တစ်ခုဟု ခန့်မှန်းရသည့် လက်နက်ကို ထရပ်ကားကြီး တစ်စီးဖြင့် တင်ဆောင်ကာ ပြံုးယမ်းမြို့ရှိ လမ်းမများတွင် လှည့်လည်ပြသခဲ့ကြောင်းလည်း ကျွမ်းကျင်သူများက ဆိုခဲ့ကြသည်။