အနာဂတ်အတွက် ရာသီကုန်မှ ဆွေးနွေးမည်ဟု အိုဇေးလ်ပြော

အနာဂတ်အတွက် ရာသီကုန်မှ ဆွေးနွေးမည်ဟု အိုဇေးလ်ပြော

အာဆင်နယ်အသင်းမှ ဂျာမနီလက်ရွေးစင်ကစားသမား အိုဇေးလ်က မိမိအနာဂတ်ကို ရာသီကုန်မှ ဆွေးနွေးမည်ဟု ပြောသည်။

အာဆင်နယ်အသင်းမှာ လက်ရှိအချိန်တွင် ရလဒ်များဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့်ခြောက်နေရာတွင် ရပ်တည်နေသလို အသင်း၏ အဓိက ကစားသမားများဖြစ်သော အိုဇေးလ်နှင့်အလက်ဆစ်ဆန်းချက်ဇ်တို့လည်း အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည်။

အိုဇေးလ်မှာ လာမည့်နှစ်တွင် အာဆင်နယ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေသည်။

“ဒီအချိန်မှာ အာဆင်နယ်အသင်းအတွက် အရေးအကြီးဆုံးက အသင်းရလဒ်တွေ ပြန်ကောင်းလာဖို့ပါ။ ကျွန်တော်အပါအဝင် ဘယ်ကစားသမားကိစ္စမှ အရေးမကြီးပါဘူး။ ကျွန်တော့်အနာဂတ်ကို ရာသီကုန်ရင်ဆွေးနွေးပါမယ်။ ဒီအချိန်မှာ စကားပြောမယ်ဆိုရင် အမှားပါနိုင်တဲ့အတွက်ပါ။” ဟု အိုဇေးလ်က ပြောသည်။

အိုဇေးလ်မှာ ၂၀၁၃ ဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၀၇ ပွဲကစားထားကာ ၂၁ ဂိုးသွင်းယူထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly