ဒိုင်ဘာလာကို ငါးနှစ်စာချုပ်သက်တမ်းတိုးရန် ဂျုဗင်တပ် ကမ်းလှမ်း

ဒိုင်ဘာလာကို ငါးနှစ်စာချုပ်သက်တမ်းတိုးရန် ဂျုဗင်တပ် ကမ်းလှမ်း

ဧပြီ ၁၅၊ တူရင်။   ။ စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်အသင်းသည် ဥရောပကလပ်အသင်းများစွာ စိတ်ဝင်စားခြင်းခံနေရသည့် အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာကို ငါးနှစ်စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သည်။့

ဘာစီလိုနာကို ၃-၀ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးတွင် ဒိုင်ဘာလာကိုခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းက အရှိန်မြှင့်ကြိုးပမ်းမှုများပြုလုပ်လာသည့်အတွက် ဂျုဗီက သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ စာချုပ်သစ်အရ ဒိုဘာလာမှာ ဂျုဗင်တပ်အသင်းတွင် တစ်ပတ်လုပ်ခ ယူရို ၁၃၅၀၀၀ ရရှိမည်ဖြစ်ပြီး တစ်ရာသီလျှင် ယူရို ရ သန်းခန့်ဝင်ငွေရမည်ဖြစ်သည်။

ဂျုဗင်တပ်အသင်းက ဒိုင်ဘာလာနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသော်လည်း တရားဝင်စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။

အသက် ၂၃နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးမှာ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ပါက ဂျုဗင်တပ်အသင်းတွင် ၂၀၂၂ခုနှစ်အထိဆက်ရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly