ချယ်လ်ဆီးအသင်းတွင် ဆက်နေရန် ပျော်ရွှင်နေသည်ဟု ကွန်တီပြော

ချယ်လ်ဆီးအသင်းတွင် ဆက်နေရန် ပျော်ရွှင်နေသည်ဟု ကွန်တီပြော

ဧပြီ ၈၊ လန်ဒန်။              ။ ချယ်လ်ဆီးအသင်းနည်းပြကွန်တီသည် အီတလီသို့ ပြန်မည်ဆိုသည့်သတင်းများကို ငြင်းဆန်သည့်အနေဖြင့် ချယ်လ်ဆီး အသင်းတွင်ဆက်နေရန် ပျော်နေသည်ဟု ပြောသည်။

ကွန်တီ၏မိခင်နိုင်ငံမှ အေးဂျင့်တစ်ဦးဖြစ်သည့် ပက်စတိုရယ်လိုက ကွန်တီအနေဖြင့် အပြောင်းအရွှေ့အတွက် စဉ်းစားနေပြီး အင်တာမီလန်အသင်းအဖြစ်နိုင်ဆုံးဟု ၎င်းကိုပြောကြောင်း သတင်းရေးထားသည်။

ယင်းအပေါ် ကွန်တီက “ဆက်နေဖို့အတွက် ကျွန်တော်ပျော်နေပါတယ်။ ပက်စတိုရယ်လိုရဲ့ အင်တာဗျူးကို ကျွန်တော် ဖတ်ရပါတယ်။ ကျွန်တော်သူ့ကို မသိသလို အဲဒီလူက ဘာကြောင့် ကျွန်တော့်အကြောင်း ပြောလဲဆိုတာကိုလည်း မသိပါဘူး။

ကျွန်တော် အီတလီမှာ အလုပ်လုပ်ခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို အီတလီပြန်လာစေချင်ကြတယ်။ အဲဒါ သာမန်ပါပဲ။ ကျွန်တော့်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျော် ကျန်ပါသေးတယ်။

အဲဒါက အမှန်တရားပဲ။ အဲဒါကမှ အရေးကြီးဆုံးအရာပဲ။ တခြားလူတွေက ကျွန်တော့်အကြောင်း ပြောတာကို ပြန်ကြားရတာ မကြိုက်ဘူး”ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly