ဆန်းချက်ဇ်ကို ချယ်လ်ဆီးအပြင် ပီအက်စ်ဂျီကလည်း ခေါ်ယူချင်နေ

ဆန်းချက်ဇ်ကို ချယ်လ်ဆီးအပြင် ပီအက်စ်ဂျီကလည်း ခေါ်ယူချင်နေ

ဧပြီ ၄၊ ပဲရစ်။             ။ ပီအက်စ်ဂျီအသင်းသည် အာဆင်နယ်တောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်ကို ချယ်လ်ဆီးအသင်းနှင့်အပြိုင်ခေါ်ယူချင်နေသည်။

လာမည့်ရာသီချန်ပီယံလိဂ်တွင်အောင်မြင်မှုရရန်အရှိန်မြှင့်သည့်အနေဖြင့် ပြင်သစ်ချန်ပီယံအသင်းသည် ဆန်းချက်ဇ်၊ ကာဗာနီ၊ ဒီမာရီရာတို့ကိုပေါင်းစပ်ကာ အရည်သွေးမြင့်တိုက်စစ်ကို ဖန်တီးလိုနေခြင်းဖြစ်သည်။

စာချုပ်သက်တမ်းတစ်နှစ်သာကျန်သည် အသက် ၂၈ နှစ်အရွယ်ကစားသမားကို ချယ်လ်ဆီးအသင်းကလည်းစိတ်ဝင်စား နေကြောင်း အာဆင်နယ်အသင်းကသိထားပြီး ရောင်းချဖြစ်ခဲ့ပါက ပရီးမီးယားလိဂ်ပြိုင်ဘက်ထက် ပြည်ပကလပ်သို့သာ ရောင်းဖွယ်ရှိနေသည်။

ပီအက်စ်ဂျီအသင်းသည် ဆန်းချက်ဇ်ကိုကာလကြာစိတ်ဝင်စားလာခဲ့ပြီး ကစားသမား၏ကိုယ်စားလှယ်များနှင့်ပင် ဆွေးနွေးခဲ့ပြီး ဖြစ်ကာ ယခုလနှောင်းပိုင်းတွင်   နောက်ထပ်ဆွေးနွေးမှုများပြုလုပ်နိုင်ရန် မျှော်လင့်နေသည်။

ဘာစီလိုနာကစားသမားဟောင်းက အာဆင်နယ်နှင့် စာချုပ်ဆက်ရှိမည်ဟုမျှော်လင့်ကြောင်းနှင့် လန်ဒန်တွင်ဆက်နေချင်ကြောင်း ပြီးခဲ့သည့်တစ်ပတ်တွင် ဇာတိမြေ၌ပြောဆိုခဲ့သော်လည်း   အောင်ပွဲစိတ်ဓါတ်ရှိသည့်အသင်းအတွက်သာဖြစ်သည်ဟု ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly