နေပြည်တော်ကောင်စီနယ်မြေ မြို့မစျေးအတွင်းရှိ စားသုံးရန်မသင့်သည့် အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများကို FDA၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထွေအုပ်၊ အထွေထွေ အုပ်ချပ်ရေးမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေး၊ စားသုံးသူရေးရာ၊ ပြည်သူ့ကျန်းမာမှ ဆရာဝန်တစ်ယောက်တို့နှင့်အတူ လိုက်လံစစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် ဖော်မလင်၊ ဆိုးဆေး အစရှိသည့် ဓာတုပစ္စည်းများပါဝင်သည့် အစားအသောက်များ၊ အလှကုန်များနှင့် ဆေးဝါးများကို Moile Lab ကားနှင့် စစ်ဆေးသွားပြီး အဆိုပါကားပေါ်တွင်ပါသည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် စစ်ဆေးရန် မလုံလောက်သောပစ္စည်းများကို FDA ရုံးရှိ ဓာတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး စားသုံးရန်သင့်သည် မသင့်သည်များကို နိုင်ငံပိုင်ရုပ်သံများနှင့် မီဒီယာများမှတစ်ဆင့် ကြေငြာပေးသွားမည်ဖြစ်သည်။
ယနေ့တွင် နေပြည်တော်ရှိ ဒက္ခိဏသီရိစျေး၊ သပြေကုန်းစျေးနှင့် မြို့မစျေးတို့တွင် လိုက်လံစစ်ဆေးခဲ့ပြီး ဒက္ခိဏ သီရိစျေးတွင်စစ်ဆေးခဲ့ရာ အဆိုပါစျေးအတွင်း ရောင်းချသော ကွမ်းသီးခြမ်းထဲတွင် ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုဒ်ဓာတ်တွေ့ရှိခဲ့သည်ဟု သိရသည်။