မတ် ၁၇၊ ဆွစ်ဇာလန် ။ ။ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲခဲ့ရာတွင် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းသည် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းနှင့် တွေ့ဆုံလျက်ရှိသည်။
ရုရှကလပ် ရော့စ်တော့ဗ်အသင်းကို နှစ်ကျော့ပေါင်း ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် မန်ယူအသင်းသည် အန်ဒါလက်ချ်အသင်းနှင့် တွေ့ဆုံရခြင်းမှာ ကောင်းမွန်သည့် တွေ့ဆုံမှုအဖြစ် မှတ်ယူရမည် ဖြစ်သည်။
မန်ယူအသင်းမှာ အန်ဒါလက်ချ်အသင်းနှင့် ခြောက်ကြိမ်တွေ့ဆုံခဲ့ဖူးရာတွင် တစ်ကြိမ်မှ ရှုံးနိမ့်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ယခင်ထိပ်တိုက်တွေ့ဆုံမှုများ၌ ဥရောပပြိုင်ပွဲများတွင် ၁၀ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တစ်ပွဲလည်း ပါ၀င်လျက်ရှိသည်။
အန်ဒါလက်ချ်အသင်းမှာ ဘယ်လ်ဂျီယံလိဂ်တွင် ၃၃ ကြိမ် ဖလားရခဲ့ဖူးသည့်အသင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဒုတိယ ရရှိခဲ့သည့် အသင်းဖြစ်သည်။
အခြားပွဲစဉ်များတွင် ဆယ်တာဗီဂို(စပိန်)နှင့်ဂန့်(ဘယ်လ်ဂျီယံ)၊ အေဂျက်ဇ်(နယ်သာလန်)နှင့်ရှော်လ်ကေး(ဂျာမနီ)၊ လိုင်ယွန်(ပြင်သစ်)နှင့်ဘီဆစ်တပ်စ်(တူရကီ)တို့ တွေ့ဆုံလျက်ရှိနေကြသည်။
ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ၏ ပထမအကျော့ပွဲစဉ်များကို ဧပြီလ ၁၃ ရက်နေ့တွင် ကစားမည် ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ဧပြီလ ၂၀ ရက်နေ့တွင် ကစားမည် ဖြစ်သည်။
ရည်ညွှန်း ဘီဘီစီ