Mizzima TVကို ကြည့်ရှူအားပေးနေကြတဲ့ ပရိသတ်များအားလုံးပဲ မင်္ဂလာပါရှင်။မင်္ဂလာပါခင်ဗျာ။
ကျော်ဇောဟိန်း-ညီမလေးရေ….အခုဆိုရင် အကိုတို့ ရင်ခုန်စွာ စောင့်စားနေတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို ၂၀၁၇ ခုနှစ် မတ်လ(၁၈)ရက်နေ့မှာ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားနဲ့ ကျင်းပတော့မှာနော်။
ကဥ္စနာ-ဟုတ်ပါတယ်။ ဒီ အကယ်ဒမီဆုကို ဘယ်သူတွေ ဆွတ်ခူးရရှိမလဲဆိုတာကလည်း ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပြီ။
ကျော်ဇောဟိန်း-ဒါဆိုရင် အစ်ကိုတို့မောင်နှမနှစ်ယောက်က ဒီနှစ် ၂၀၁၆ခုနှစ်အကယ်ဒမီရုပ်ရှင်ဆုပေးပွဲမှာ ပါဝင်မယ့် စကာတင််ဇာတ်ကားတွေနဲ့အတူ ဒီအနုပညာရှင်၊အတတ်ပညာရှင်တွေရဲ့ ရင်ခုန်သံစကားတွေကို ပရိသတ်ကြီးကို တင်ဆက်လိုက်ကြရအောင်။
ကဥ္စနာ-ဟုတ်ကဲ့ပါ ။ ဒီ အစီအစဉ်ကို မတင်ဆက်ခင်မှာ ထူးခြားတဲ့ အကြောင်းအရာတစ်ခုကို ပြောပြပေးချင်သေးတယ်။
ကျော်ဇောဟိန်း-အင်း ဘာများလဲ ကေရဲ့။
ကဥ္စနာ-ဒါကတော့ ဒီနှစ် ပွဲကျင်းပမှုပုံစံလေးကို ပြောပြချင်တာပါ။ ဒီနှစ်မှာ မြန်မာရုပ်ရှင်သမိုင်းမှာ တခါမှ မကျင်းပဖူးသေးတဲ့နေရာဖြစ်တဲ့ ပြည်သူ့ရင်ပြင်မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို နောက်ခံထားပြီးတော့ ပွဲ ကျင်းပပြုလုပ်မှာ အစ်ကိုရဲ့။
ကျော်ဇောဟိန်း-ဒါဆို ဒီနေရာမှာ အရမ်းကို စည်ကားပြီး အရမ်းကို ခမ်းနားမှာနော် ။
ကဥ္စနာ-ဟုတ်တယ်။ ဒါဟာ ဒီနှစ်ရဲ့ ထူးခြားမှုတစ်ခုလို့ ပြောရင်လည်း မမှားဘူးလေ။
ကျော်ဇောဟိန်း-ဒါဆိုရင် ဒီနှစ်အကယ်ဒမီဆုပေးပွဲရဲ့ ထူးခြားမှုပုံစံတွေကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းပြောသွားတဲ့ စကားသံတွေကို အစ်ကိုတို့နှစ်ယောက်က ပရိသတ်ကြီးသိအောင် ဖွင့်ပြပေးလိုက်ကြမယ်။
“ဟိုးအရင် အရင်နှစ်တွေတုန်းကတော့ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီးတော့ အကယ်ဒမီထူးချွန်ဆုပေးပွဲကို ကျင်းပခဲ့တယ်။ သူတို့ပဲ ဦးစီးပြီးတော့ ရွေးချယ်ခဲ့တယ်။ အဲဒီအပေါ်မှာ ဒါ အရင်တုန်းကတော့ အကယ်ဒမီဆိုတာက အနုပညာရှင်တွေအတွက် အနုပညာရှင်တွေကို ထိန်းချုပ်ဖိုု့အတွက် အသုံးချလည်း ခံခဲ့ရတယ်ပေါ့။ ဆိုလိုတာက နိုင်ငံရေး လုပ်တဲ့လူဆို အကယ်ဒမီမပေးဘူးလို့ နိုင်ငံရေးအရ စည်းရုံးမှုအရ မပေးချင်တဲ့သူဆိုရင်လည်း တကယ်ရသင့်သင့် မရသင့်သင့် ပေးလိုက်တာမျိုးတို့တွေ ရှိခဲ့တော့ ကိုယ်တို့ မြန်မာနိုင်ငံရုပ်ရှဗင်အစည်းအရုံးက ဦးစီးပြီးတော့ ကျင်းပခွင့်ကို ပြန်ကြားရေးဦးစီးဌာနက တောင်းဆိုခဲ့ရာမှာ ပြန်ကြားရေးဌာနကလည်း ခွင့်ပြုပေးခဲ့တဲ့အတွက် ဒီနှစ်ဆိုလို့ရှိရင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီးပြီး ကျင်းပတဲ့ တတိယအကြိမ်မြောက် အကယ်ဒမီပေးပွဲပေါ့။ ဒီနှစ်က ထူးထူးခြားခြား ပြည်သူ့ရင်ပြင်မှာလည်း ကျင်းပခွင့်ရမှာဆိ်ုတော့ အရင့်အရင် နှစ်တွေလိုပါပဲ။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ကိုယ်တာဝန်ယူစဉ်မှာတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့တော့ အဆင်ပြေဆုံး ၊ အကောင်းဆုံး ၊ အခမ်းနားဆုံးဖြစ်အောင် ကိုယ်ကြိုးစားပြီး တင်ဆက်သွားပါမယ်။အကယ်ဒမီပေးပွဲရဲ့ အစ်ကိုတို့ရဲ့ Theme က မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ဆီသို့ လို့ ရည်ရွယ်ထားပါတယ်။ အဲဒီအတွက် ခေတ်ဟောင်းရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတွေကို ပွဲစဉ်တလျှောက်လုံးမှာ ဖျော်ဖြေတင်ဆက်ဖို့ စီစဉ်ထားပါတယ်”
ကျော်ဇောဟိန်း-ကေရေ..ဒီနှစ်မှာဆိုလို့ရှိရင် ရုပ်ရှင်ဇာတ်ကား စကာတင်ကားပေါင်းက (၃၃)ကားရှိတယ််နော်။
ကဥ္စနာ-ဟုတ်ကဲ့ပါရှင့်။ စကာတင်ရုပ်ရှင်ဇာတ်ကား (၃၃) ကားကတော့
အနူးဘစ်
စားတယ်
ချစ်လှစွာသောအမုန်း
အချစ်စစ်
ပြန်ခေါ်သက်သေ
ဖေ့စ်ဘုတ်ရွာ
ခိုးဆိုးလုနှိုက်
ရုံးပတီသီးလေးများ
မနောမြေမှကျောက်စိမ်းကမ္ဘာ
အီဖေကိုယ်တို့ရွေးကောက်ပွဲ
မအေးပွင့်၊မြင့်မြင့်စန်း၊လမ်းသုံးဆယ်
ကျွန်တော်၊ကျွန်မယောကျင်္ားဗိုက်ကြီးသည်
အုတ်ကြားမြက်ပေါက်
ရပ်ကွက်ဘုရင်မ(၁)
မှော်ကျောက်စာ
ရိုက်လိုက်ပါအုန်းဒုန်းဒုန်းဒုန်း
ကာလာစုံလက်ဆင်
လူးရတနာသိုက်
အေဒင်ရဲ့နတ်သမီး
ဘောစိ
သင်္ကြန်ပြတိုက်
ရပ်ကွက်ဘုရင်မ(၂)
ဘန်ကောက်မှမန္တလေးသို့
ရွှေဒင်္ဂါးကိုထွေခင်းကစားမယ်
နှစ်ယောက်တစ်ဘဝ
ဘွန္တောကြက်သူခိုး
ငဘ
မင်းလည်းဘိုကေ၊ငါလည်းဘိုကေ
ပဲခူးဆားနှင့်သူ၏ဗိုင်းရပ်စ်များ
ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ
မေထုန်ရာသီဖွား
မယုံရင်တော့ ပုံပြင်ပေါ့
နှင်းဆီပန်သူ
ကဥ္စနာ-ဆန်ခါတင်ဇာတ်ကားတွေကိုလည်း ပရိသတ်က သိသွားပြီဆိုတော့ ဒီအကယ်ဒမီရွှေစင်ရုပ်ထုအပေါ်မှာ ရင်ခုန်နေကြတဲ့ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေရဲ့ ရင်ခုန်သံစကားတွေကို နားထောင်ကြည််ကြရအောင်ပါရှင့်။
ဇော်မင်း(ဟံသာမြေ)
ကျွန်တော်ကတော့ အတွေ့အကြံုလည်း နည်းနည်းများပြီဆိုတော့ ရင်ခုန်မှုတော့ အသစ်လောက်တော့ မရှိတော့ဘူးပေါ့နော်။ သို့သော်လည်းပဲ ကိုယ်လုပ်တဲ့ အနုပညာရှင် တစ်ခုကိုတော့ သပ်သပ်ရပ်ရပ်နဲ့ ပရိသတ်ကြည့်တဲ့အခါ အဆင်ပြေချောမွေ့အောင် ကျွန်တော်တို့က ဇာတ်ကို အထောက်အပံ့ဖြစ်အောင် ကျွန်တော်တို့ဘက်က တာဝန်ယူရတာ။ ဒါလေးတွေကိုကတော့ ကျွန်တော်တို့ဘက်က အမြဲတမ်းအလေးထားပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်လို့ ရင်ခုန်မှုကတော့ အဲလိုတော့ ထူးထူးခြားခြားမရှိပါဘူး။”
ဇင်ဝိုင်း
“ဟုတ်ကဲ့ပါ။ ကျွန်တော်ရုံတင်တဲ့ကား ၄ ကားတော့ ရှိပါတယ်။ ဒီအပေါ်မှာလည်း တချို့ပရိသတ်တွေက ဒါကို ပြောကြတာတွေလည်း ရှိပါတယ်။ ချစ်လှစွာသော အမုန်းတို့၊ဘာတို့ ပေါ့။ပြောကြတဲ့ အခါကျတော့ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုအပေါ်မှာ အသိအမှတ်ပြုကြတယ်ဆိုတဲ့အခါကြတော့ ဝမ်းသာရပါတယ်ခင်ဗျ”
ပိုင်ဖြိုးသု
သုကားအတွက်တော့ သု ရင်မခုန်ပါဘူး။ ဒါပေမယ့် ပွဲမှာ တကယ်ရမယ့် စီနီယာတွေ အစ်ကိုအစ်မတွေအတွက်တော့ ရင်ခုန်ပါတယ်။ သုကို အဲဒီလိုမျိုးရင်ခုန်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးပဲတင်ပါတယ်။ သုတို့လိုလူမျိုးတွေအတွက် ပရိသတ်က ဒီလိုမျိုးရနိုင်တယ်လို့ပြောတာနဲ့တင် သုသုအတွက် တကယ်ဆုကြီးတစ်ခုကို ရလိုက်သလိုပါပဲ။ နောက်ထပ်အများကြီးအများကြီး ကြိုးစားသွားဖို့ အားတွေအများကြီး ရှိသွားပါတယ်။ အဲဒီအတွက် ရင်ခုန်ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် စိတ်လျှော့ထားပါလို့ ပြောချင်ပါတယ်ရှင့်။
ကျောက်ဖြူ (ကင်မရာမင်း)
“အစ်ကို့ကားကတော့ မပါဘူးပေါ့။ ဒီနှစ်တော့ အစ်ကို့ကား တစ်ကားမှမပါဘူး။ ကျွန်တော့သူငယ်ချင်းတွေတော့ အသံထွက်တာပေါ့နော်။ အဲဒီသူငယ်ချင်းတွေ ရပါစေလို့တော့ ဆုတောင်းပါတယ်။ဒါပေမယ့် ကံတရားလို့တော့ ယုံကြည်တယ်”
တက္ကသိုလ်ဂွမ်းပုံ
“မဂွမ်းက ဒီနှစ်က ကိုယ့် ထက် တော်တဲ့ တတ်တဲ့ အနုပညာ ညီအကိုမောင်နှမတွေကို သွားပြီးတော့ အားပေးမယ့် ပွဲလေးပါ။ မဂွမ်းရဲ့ ကားလေးက ဟာသသီးသန့်ကြီးဖြစ်နေတဲ့အတွက်ကြောင့် ။နောက်တစ်ခါ ဒီနှစ်က ဘောစိဆိုတဲ့ ကားလေးက အကယ်ဒမီ ကိုလူမင်းနဲ့ တွဲဖက်ပြီးတော့ ဇာတ်ဆောင်အဖြစ်နဲ့ ဒါရိုက်တာ နဲ့ ပရိုဂျူဆာနဲ့က တင်ထားတာကိုး။ တင်ထားတော့ ဇာတ်ဆောင်ဆိုတော့ ပိုပြီးတော့ အားနည်းသွားတယ်။ ရှေ့မှာ ကိုယ့်ထက် သက်မွန်မြင့်လေး၊ ချစ်လှစွာသော အမုန်းထဲမှာ အရမ်းကောင်းထားတယ်။ နောက်တစ်ခါ အေးမြတ်သူတို့၊ သူတို့တွေလည်း အများကြီးကောင်းထားတယ်ဆိုတော့ ကိုယ်က ဒီနှစ်က လုံးဝ အားပေးမယ့်ပွဲပါ”
ဓိရာမိုရ်
“ဒီနှစ်ထဲမှာတော့ လေးကားပါတယ်လို့ သတင်းကြားတယ်။ သတင်းကြားတော့ အကယ်ဒမီဆိုတာကလည်း သူ့ဟာနဲ့သူ သူ့ရာသီကျတော့လည်း ပြန်ပေါ်လာတာပဲ။ အကယ်ဒမီကတော့ ကောင်းပါတယ်။ အရမ်းကို သဘောကျပါတယ်။”
မစန္ဒာလင်း (Power King ထုတ်လုပ်ရေး)
ဒီနှစ်အကယ်ဒမီမှာတော့ အစ်မတို့ ထုတ်လုပ်ရေးက နှစ်ကားပါမယ်။ ပြန်ခေါ်သက်သေ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကျွန်တော်ကျွန်မ ယောကျာ်းဗိုက်ကြီးသည်ပေါ့။ နှစ်ကားပေါ့နော်။ အကယ်ဒမီရင်ခုန်သံပြောရမယ်ဆိုရင်တော့ အစ်မကား ရတော့ရချင်တာပေါ့နော်။ ဒါပေမယ့် အကယ်ဒမီကတော့ ပြောရခက်တယ်လေနော။ ကံတရားပေါ့နော်။ ရရင်တော့ ကောင်းတာပေါ့။
နန်းမြတ်ဖြိုးသင်း
ကိုယ့်စီနီယာတွေ ဘယ်သူတွေရမှာလည်း ဆိုတာတော့ ရင်ခုန်တာပေါ့။ ကိုယ်ကတော့ အထွေအထူး မရှိပါဘူး။ကြားတာကတော့ အစုံပဲ။ မသက်မွန်လည်းကြားတယ်။ ကိုထွန်းထွန်းကြားတယ်။ အန်ကယ်လေး ကိုလူမင်းလည်း ကြားတယ်။ ပြီးတော့ သုသု ဖြစ်မလားမသိဘူး
လူမင်း
ကိုယ် အနုပညာက အနှစ်နှစ်ဆယ်ကျော် အစိတ်ရှိနေပြီ။ဆိုတော့ ဒီအနုပညာအလုပ်ကို ကိုယ် တကယ်လေးစားမြတ်နိုး တန်ဖိုးထားပြီးတော့ကို ဒီ အသွေးထဲ အသားထဲကကို မလုပ်ရရင် မနေနိုင်လောက်အောင် ရူးသွပ်တဲ့ အလုပ်တစ်ခု ဖြစ်တော့ ဒီအနုပညာနဲ့ ပတ်သက်တဲ့ ဆုရမယ် အကယ်ဒမီရမယ် ဆိုရင်တော့ ကိုယ် နှစ်စဉ်နှစ်တိုင်းလည်း ဖြေပါတယ်။ ကိုယ် တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ လိုချင်မိပါတယ်။ တချို့ အနုပညာရှင်တွေတော့ ဖြေတာကြားဖူးတယ်။ အကယ်ဒမီကတော့ သိပ်စိတ်ထဲမထားပါဘူးတို့ ၊ အကယ်ဒမီကို ရည်ရွယ်ပြီးတော့ ရိုက်ကူးခဲ့တာမဟုတ်ပါဘူးတို့ ဖြေပေမယ့် အစ်ကိုကတော့ ရည်ရွယ်ပြီး မရိုက်ကူးပေမယ့် တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ လိုချင်မိပါတယ်။ ဒါပေမယ့်လည်း အကယ်ဒမီဆိုတာက ကံတရားလည်း ပါ ပါသေးတယ်။အများထင်ကြေးပေးတိုင်းလည်း ရချင်မှရသလို မထင်မှတ်ပဲနဲ့ မမျှော်လင့်ဘဲနဲ့ ရသွားတဲ့ သမိုင်းမှတ်တမ်းတွေကလည်း အများကြီးရှိပါတယ်။
ကျော်ဇောဟိန်း- ကေရေ ညီမလေး ဒီနေ့မှာဆိုရင် ဒီနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲ ရဲ့ ထူးခြားမှုပုံစံတွေ ပြီးတော့ ဆန်တင်ဇာတ်ကားတွေ ၊ရုပ်ရှင် အနပညာရှင်၊အတတ်ပညာရှင်တွေရဲ့ ရင်ခုန်သံစကားတွေကို တင်ဆက်ပေးခဲ့တာ ပရိသတ်ကြီးလည်း တော်တော်လေး သိလောက်ပြီလို့ ထင်ပါတယ်။
ကဥ္စနာ-ဟုတ််ပါတယ်ရှင့်။ ဒီပရိသတ််တွေရဲ့ ရင်ခုန်သံနဲ့ အနုပညာရှင်တွေရဲ့ ရင်ခုန်သံ ထပ်တူ ကျ မကျဆိုတာကိုတော့ ကေတို့ အခမ်းအနားနေ့မှာ ပြန်လည် တင်ဆက်ကြမှာဖြစ်ပါတယ်ရှင့်။
ကျော်ဇောဟိန်း-ဟုတ်ပါတယ်… ပရိသတ်ကြီးရေ….လာမယ့် မတ်လ ၁၈ ရက်နေ့မှာ ကျင်းပမယ့် ဒီ ရုပ်ရှင်အကယ်ဒမီဆုပေးပွဲနေ့ကျရင်လည်း ရုပ်ရှင်ထူးချွန်ဆုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ မဇ္စျိမတီဗီ အဖွဲ့သားတွေက တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။