မန်းရွှေစက်တော် ဘုရားပွဲတော် အလှူငွေ ကျပ် သိန်း ၆၀၀၀ ကျော် ရရှိ

မန်းရွှေစက်တော် ဘုရားပွဲတော် အလှူငွေ ကျပ် သိန်း ၆၀၀၀ ကျော် ရရှိ

မင်းဘူး၊မတ်လ ၁၇ ။         ။ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲ ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ ဘုရားကြီးဘဏ္ဍာ ဘက်စုံအလှူငွေ စုစုပေါင်း ကျပ်သိန်း(၆၀၀၀)ကျော် ရရှိခဲ့ပြီ ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ဖွင့်ပွဲဖြစ်သော ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၁၆ ရက်နေ့အထိ နေ့စဉ်အလှူငွေ စုစုပေါင်း ကျပ်(၃၀၄၆၀၈၇၀၀)၊ ရွှေဆိုင်းရောင်းချရငွေ ကျပ်(၂၈၆၅၂၇၀၀)နှင့် တည်းကျောင်းလုပ်ငန်းမှ ကျပ်(၁၄၅၅၀၅၀၀)၊ စုစုပေါင်း ကျပ်(၆၂၁၈၄၅၂၅၀)သိန်း ရရှိပါတယ်။ မန်းရွှေစက်တော် ဘုရားပွဲတော်ကာလတွင်နေ့စဉ် ရရှိတဲ့ အလှူငွေ၊ ရွှေဆိုင်းရောင်းရတဲ့ငွေတွေနဲ့ တည်းကျောင်းက ရတဲ့ငွေတွေကို တစ်နေ့ချင်းရေတွက် စာရင်းပြုစုပြီး ဧရာဝတီဘဏ်မှာ အပ်နှံထားရှိပါတယ် ။ အဲ့ဒီဘဏ်က ဘုရားအထိ လာရောက် လက်ခံရယူပါတယ်” ဟု ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်းက မဇ္ဈိမသို့ ပြောသည်။

မန်းရွှေစက်တော်ပွဲတော်ကာလ နေ့စဉ်ရရှိသော အလှူခံငွေနှင့် ရွှေဆိုင်းရောင်းချရသည့်ငွေများကို ပွင့်လင်းမြင်သာမှုရှိစေပြီး အလှူရှင်များ သဒ္ဓါကြည်ဖြူူ လှူဒါန်းနိုင်စေရေးအတွက် မန်းရွှေစက်တော် Man Shwe Set Taw Website နှင့် Appများတွင် နေ့စဉ်ဖော်ပြပေးလျက်ရှိကြောင်း သိရှိရသည်။

“အခုလို ဖော်ပြတဲ့အပြင် Man ShweSet Taw Websiteနဲ့ App များမှာ ရွှေစက်တော်ဘုရားနဲ့ ပတ်သက်တဲ့သတင်း၊ ရာသီဥတု၊ တည်းခိုဆောင်တွေ၊ စားသောက်ဆိုင်နေရာတွေနဲ့ ဘုရားသမိုင်း အကြောင်းတွေလည်း အများပြည်သူသိအောင် တင်ပြထားပါတယ်” ဟုဘဏ္ဍာရေးမှူး ဦးအောင်ဝင်းထွန်းက ပြောသည်။

မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲတော်သို့မလာရောက်နိုင်သော အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းလိုပါက ဧရာဝတီ ဘဏ်အကောင့်နံပါတ် (၀၀၃၂၂၂၄၀၊ ၉၉၉၉၉၉၇) တို့သို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင် ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူးက မဇ္ဈိမသို့ ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ နေ့စဉ်ရရှိသည့် ဘက်စုံအလှူငွေများအား ဧရာဝတီဘဏ်တွင် နေ့စဉ် အပ်နှံခဲ့ပြီး ယင်းဘဏ္ဍာငွေများမှ ထုတ်ယူသုံးစွဲခြင်း မပြုဘဲ အဝင်သီးသန့် ၊ အသုံးသီးသန့် ထားရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required