အာဂျင်တီးနားနိုင်ငံရှိ ရော့ခ်ဂီတဖျော်ဖြေပွဲ၌ လူ ၂ဦး သေဆုံးခဲ့

အာဂျင်တီးနားနိုင်ငံရှိ ရော့ခ်ဂီတဖျော်ဖြေပွဲ၌ လူ ၂ဦး သေဆုံးခဲ့

 မတ် ၁၃ ။           ။ ပြီးခဲ့သော တနင်္ဂနွေနေ့ အစောပိုင်းတွင် အာဂျင်တီးနားနိုင်ငံရှိ ရော့ခ်ဂီတဖျော်ဖြေပွဲသို့ လူပေါင်း ၃သိန်းခန့် ကြိတ်ကြိတ်တိုး လာရောက်ကြည့်ရှုခဲ့ပြီး စုပြံုတိုးဝှေ့ခဲ့မှုကြောင့် လူပေါင်း ၁ ဒါဇင်ခန့် ဒဏ်ရာရရှိခဲ့ကာ ၂ဦးခန့် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။

နာမည်ကျော်အဆိုတော် အင်ဒီယိုဆိုလာရီ လာရောက်ဖျော်ဖြေသော လဟာပြင်ကွင်းကြီး၌ ကျင်းပသည့် ဖျော်ဖြေပွဲတွင် ပရိသတ်အုပ်ကြီးသည် ဖျော်ဖြေမည့် စင်မြင့်ရှိရာသို့ စုပြံုတိုးဝှေ့ခဲ့သောကြောင့် လူနင်းခံရကာ ဒဏ်ရာရ သေဆုံးခြင်းများ ဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောခဲ့သည်။

“ဖြစ်သမျှအရာအားလုံးဟာ လိုတာထက်ပိုပြီး သောင်းကျန်းခဲ့လို့ ဖြစ်ပါတယ်” ဟု ဗွေနိုအေးရိစ်နယ်ပယ် အတွင်းရှိ လူဦးရေ ၁၃၀၀၀၀ ခန့်ရှိသော  အိုလာဗာရီရာမြို့မှ မြို့တော်ဝန် အက်ဇီကွီရယ်ဂယ်လီက ပြောခဲ့သည်။

သူက အဆိုပါ ဖျော်ဖြေပွဲကြောင့် ကားပေါင်း ၁သိန်းကျော်ခန့်  ပိတ်မိနေခဲ့ကြောင်း ပြောခဲ့ပြီး ပွဲစီစဉ်သူများကို လည်း ဝေဖန်ပြစ်တင်ခဲ့သည်။ ဒါ့အပြင် ဖျော်ဖြေပွဲ၌ ဒဏ်ရာရရှိခဲ့သော လူ ၁၂ ဦးကို ဆေးရုံ၌ ကုသပေးနေ ကြောင်း ဂယ်လီက ပြောခဲ့သည်။

ယခုဖြစ်ရပ်သည် လွန်ခဲ့သော ၂၀၀၄ ခုနှစ် ဒီဇင်ဘာလက ဗွေနိုအေးရိစ်မြို့ရှိ ရီပတ်ဘလစ်ကာခရိုမန်နွန် နိုက်ကလပ်မှ ဖျော်ဖြေပွဲ၌ မီးရှုးမီးပန်းများပစ်ဖောက်မှုကြောင့် လူပေါင်း ၁၉၄ ဦးခန့်အား အသက်ရှုမွန်းကြပ်ခြင်း နှင့် မီးလောင်ခြင်းတို့ဖြစ်ပွားပြီး သေဆုံးစေခဲ့သည့် ဖြစ်ရပ်ဆိုးကြီးကို ပြန်လည်အမှတ်ရစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly