ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှာ အယ်လ်ကလက်စီပွဲစဉ်ကို ကစားဖို့ရှိ

ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှာ အယ်လ်ကလက်စီပွဲစဉ်ကို ကစားဖို့ရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ဟာ ၎င်းတို့ရဲ့ အယ်လ်ကလက်စီပွဲစဉ်ကို ဒီနှစ်နွေရာသီမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ သွားရောက်ကစားလိမ့်မယ်လို့ စီစဉ်သူတွေက သောကြာနေ့က ပြောပါတယ်။

အဆိုပါနှစ်သင်းဟာ အင်တာနေရှင်နယ် ချန်ပီယံဖလားရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဇူလိုင် ၂၉ ရက်နေ့မှာ မိုင်ယာမီရှိ Hard Rock အားကစားကွင်းမှာ ရင်ဆိုင်တွေ့ဆုံမှာဖြစ်တယ်လို့ အဆိုပါပြိုင်ပွဲကို ပူးတွဲတည်ထောင်ခဲ့သူ၊ NFL Miami Dolphins ပိုင်ရှင် စတီဖင်ရော့စ်က ပြောပါတယ်။

စပိန်ပြင်ပမှာ ယခုကစားမယ့် အယ်လ်ကလက်စီပွဲစဉ် တွေ့ဆုံမှုဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမတစ်ကြိမ်ကတော့ ၁၉၈၂ ခုနှစ်က ဗင်နီဇွဲလားမှာ ကစားခဲ့တာဖြစ်ပြီး ရီးယဲလ်အသင်းက ၁-၀ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

"သူတို့ ဒီပွဲကို လာကစားတဲ့အခါမှာ အဲဒီမှာ ချစ်ကြည်ရေးပွဲဖြစ်လို ဖြစ်လာစရာအကြောင်း မရှိပါဘူး။ ဒါက စစ်ပွဲတစ်ပွဲလိုပါပဲ။ သူတို့ဟာ အရှုံးကို ကြိုက်နှစ်သက်ကြမှာ မဟုတ်ပါဘူး"လို့ ရော့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပုံမှန်အားဖြင့် အပြိုင်အဆိုင် အကြီးမားဆုံး ဘောလုံးကလပ်နှစ်သင်း တွေ့ဆုံတဲ့အခါ ကမ္ဘာတစ်ဝှမ်းရှိ လူ သန်း ၄၀၀ က ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။

El Clasico ဆိုတာ စပိန်ဘာသာစကားဖြစ်ပြီး “The Classic” လို့ အဓိပ္ပါယ်ရပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနဲ ့ဘာစီလိုနာအသင်းတို ့ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်တိုင်းကို အယ်လ်ကလက်စီကိုလို ့သုံးနှုန်းပြီး လာလီဂါ ပွဲစဉ်သာမက ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်၊ ကိုပါဒယ်ရေး၊ စပိန်ဘုရင့်ဖလား စတဲ့ ပွဲစဉ်တိုင်းပါဝင်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required