ဖေဖော်ဝါရီ ၂၄ ။ ။ ဆီးရီးယားနိုင်ငံ အယ်လ်ဘက်မြို့ပြင်နေရာတစ်ခုတွင် ဖေဖော်ဝါရီ ၂၄ ရက်က အသေခံ ဖောက်ခွဲရေးသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၄၂ ဦး သေဆုံးသွားခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခု တိုက်ခိုက်မှုမှာ တူရကီ ကျောထောက်နောက်ခံ ဆီးရီးယားသူပုန်တပ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အနီးအနား မြို့ အယ်လ်ဘက်ကို ပြီးခဲ့သည့် နာရီပိုင်းအကြာကပင် အိုင်အက်စ်တို့လက်မှ ပြန်လည်သိမ်းယူထားနိုင်ခဲ့ပြီး သူပုန်တပ်ဖွဲ့တု့ိ အောင်ပွဲခံနေစဉ် ယခု အသေခံ ဗုံးခွဲမှုနှင့် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။
အသေခံဗုံးခွဲတိုက်ခိုက်သူက ဖောက်ခွဲရေး ပစ္စည်းများအပြည့်တပ်ဆင်ထားသော ကားတစ်စီးဖြင့် တူရကီကျောထောက်နောက်ခံ သူပုန်အဖွဲ့၏ ထိန်းချုပ်ရေးတပ်စခန်း အပြင်ဘက်သို့ မောင်းနှင်ဖောက်ခွဲသွားခဲ့ခြင်းဖြစ်သည်။ ယင်း စင်တာမှာ အယ်လ်ဘက်မြို့၏ အရှေ့မြောက် ၈ ကီလိုမီတာအကွာ ဆူဆီအန် ကျေးရွာတွင် တည်ရှိခြင်း ဖြစ်သည်။
ယခု တိုက်ခိုက်မှုကြောင့် တူရကီ ထောက်ခံထားသော သူပုန်အဖွဲ့၏ စစ်စခန်း နှစ်ခု ထိခိုက်ပျက်စီးသွားခဲ့ပြီး တပ်သား အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ယခု တိုက်ခိုက်မှုကို လုပ်ဆောင်ကြောင့် မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြောလာခြင်း မရှိသေးသော်လည်း အဓိကအမာခံ မြို့ အယ်လ်ဘက်ကို လက်လွှတ်လိုက်ရသည့် အိုင်အက်စ်တို့၏ လက်ချက်ဖြစ်နိုင်သည်ဟုလည်း သိရသည်။
တူရကီတို့အနေဖြင့် ပြီးခဲ့သည့် သြဂုတ်လကတည်းက ဆီးရီးယားတို့ တပ်ဖွဲ့ဝင်များ စေလွှတ်ထားပြီး ယင်းနိုင်ငံရှိ အိုင်အက်စ်အုပ်စုကိုသာမကပဲ ကားဒစ်ရှ်တိုက်ခိုက်ရေးသမားများကိုပါ အကြမ်းဖက် သမားများဟု သတ်မှတ်ကာ စစ်ဆင်ရေး ဆင်နွှဲစေလျက်ရှိကြောင်းလည်း သိရသည်။