၂၀၁၇ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲများအတွက် အုပ်စုများ ထွက်ပေါ်

၂၀၁၇ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲများအတွက် အုပ်စုများ ထွက်ပေါ်

၂၀၁၇ ခုနှစ်အတွင်း ကျင်းပမယ့် AFF U-18 Championship 2017, AFF U-15 Championship 2017 နှင့် AFF Futsal Championship 2017 ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်မှာ ကျင်းပတဲ့ AFF Council Meeting မှာ ပြုလုပ်ခဲ့ကြပါတယ်။

AFF U-18 Championship 2017 ကို စက်တင်ဘာလ ၄ ရက်မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု (ခ) မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ နယူးဇီလန်တို့နှင့် ကျရောက်နေပါတယ်။ နယူးဇီလန်အသင်းကို အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ဧည့်သည်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

AFF U-15 Championship 2017 ကို ဇူလိုင်လအတွင်း ထိုင်းနိုင်ငံမှာ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု (က) မှာ အိမ်ရှင် ထိုင်း၊ သြစတြေးလျ၊ လာအို၊ အင်ဒိုနီးရှား၊ စင်ကာပူအသင်းတို့နှင့် ကျရောက်လျက်ရှိပါတယ်။

AFF Futsal Championship 2017 ကို အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၃ ရက်ထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းက အုပ်စု (က) မှာ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ သြစတြေးလျအသင်းတို့နှင့် ကျရောက်နေပါတယ်။

AFF Women Championship 2017 ပြိုင်ပွဲကို ယခင်က မေလအတွင်း ကျင်းပရန် လျာထားခဲ့ပေမယ့်လည်း ၂၀၁၇ ခုနှစ်အတွင်း ကျင်းပမယ့် အမျိုးသမီးဘောလုံးပြိုင်ပွဲများ များစွာရှိနေတဲ့အပြင် မလေးရှားနိုင်ငံမှာ ကျင်းပမယ့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာလည်း အာဆီယံဒေသတွင်းနိုင်ငံများမှ အသင်းများသာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် AFF Women's Championship 2017 ပြိုင်ပွဲကို ကျင်းပတော့မှာမဟုတ်ကြောင်း AFF Coucil Meeting မှ ဆုံးဖြတ်ခဲ့ကြပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required