ပုလောမြို့တွင် ဆေးလိပ်​မီးပစ်​ချရာမှ ​နေအိမ်​ ၁၃ လုံးမီးလောင်

ပုလောမြို့တွင် ဆေးလိပ်​မီးပစ်​ချရာမှ ​နေအိမ်​ ၁၃ လုံးမီးလောင်
ဓာတ်ပုံ-ဇော်နီ

ဇော်နီ၊မြိတ်၊ဖေဖော်ဝါရီ-၁၀ ။         ။ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် ဆေးလိပ်မီးပစ်ချခဲ့ရာမှ နေအိမ် ၁၃ လုံး ဆုံးရှုံးခဲ့ရသည့် မီးလောင်မှုတစ်ခု  ဖေဖော်ဝါရီ ၉ ရက် ည ၁၀ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

ကုန်စုံရောင်းဆိုင်ပိုင်ရှင်ဖြစ်သူက သောက်သုံးနေသည့်ဆေးလိပ်မီးကို ပစ်ခဲ့ရာမှ ဒီဇယ်ပေပါကို စတင်မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်ဈေးဆိုင်နှင့်တွဲလျက် ဆောက်ထားသည့် ဂိုထောင်ကို ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် တန်ဖိုး ၅၅၀၆၂၅၀ ကျပ်ဆုံးရှုံးခဲ့ပြီး အိမ်ခြေ ၁၃လုံး၊ အိမ်ထောင်စု ၁၄ စု၊ကျား၊မ စုစုပေါင်း ၆၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ စာရင်းထုတ်ပြန်သည်။လက်ရှိတွင် မီးပေါ့ဆသူအား ပုလောမြို့မရဲစခန်းက (ပ)၃၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ အရ အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly