ဗျူနိုအေ့ရိစ်၊ ဖေဖော်ဝါရီ ၈ ။ ။ အာဂျင်တီးနားနိုင်ငံ ဗျူရိုအေရိစ်မြို့တော်မှာ အပေါ်ပိုင်းအကျီၤဗလာနဲ့ အမျိုးသမီး ဒါဇင်များစွာနဲ့အတူ အဝတ်အစားအပြည့်ဖြင့် လူရာပေါင်းများစွာက ဆန္ဒပြကြပါတယ်။
ကမ်းခြေမှာ အမျိုးသမီးတွေကို အပေါ်ပိုင်းဗလာကျင်းနဲ့ နေစာလှုံတာကို ရဲက တားမြစ်တာကြောင့် ခုလို ဆန္ဒပြကြတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေက ကမ်းခြေမှာ အမျိုးသမီးတွေ အပေါ်ပိုင်းဗလာကျင်းနဲ့ နေစာလှုံခွင့် ရရှိရေးကို တောင်းဆိုကြတာပါ။
ဇန်နဝါရီလအတွင်းက ကမ်းခြေမှာ အကျီၤဗလာနဲ့ အမျိုးသမီးတွေကို ရဲကတားမြစ်ပြီးနောက်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နိုင်ငံတစ်လွှားမှာ ဆန္ဒပြမှုတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။ အခုထိတော့ အာဂျင်တီးနားဥပဒေက အများပြည်သူပိုင်ကမ်းခြေတွေမှာ အမျိုးသမီးတွေ အပေါ်ပိုင်းဗလာကျင်းနဲ့ ရှိနေခွင့်ကို ခွင့်ပြုထားမထား ရှင်းလင်းမသေချာသေးပါ။
ရဲတားမြစ်မှု ဖြစ်ပြီးနောက်မှာ တရားရုံးတရားသူကြီးတစ်ဦးက အမျိုးသမီးတွေ အပေါ်ပိုင်းဗလာကျင်းနဲ့ နေစာလှုံခြင်းဟာ ရာဇဝတ်မှု မမြောက်ကြောင်း ဆုံးဖြတ်ခဲ့ပေမယ့် ရဲကတော့ မလျော်ကန်ညစ်ညမ်းတဲ့ပြသပြုမူမှုကို တားမြစ်တဲ့ ပုဒ်မကို ကိုးကားပြောဆိုပါတယ်။
ဆန္ဒပြပွဲမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေလိုပဲ ကိုယ်ဗလာကျင်းနဲ့ နေစာလှုံခွင့် အတူတူရှိကြောင်း ကြွေးကြော်တောင်းဆိုကြပါတယ်။