ဆံပင်ကို မီးနဲ့ မြိုက်ပြီးမှ ပုံသွင်းတဲ့ ပါလက်စတိုင်းက ဆံသဆရာ

ဆံပင်ကို မီးနဲ့ မြိုက်ပြီးမှ ပုံသွင်းတဲ့ ပါလက်စတိုင်းက ဆံသဆရာ

ဂါဇာ၊ ဖေဖော်ဝါရီ ၄ ။          ။ ပါလက်စတိုင်းက ဆံသဆရာ ရာမာဒန်အိဒ်ဝန်က ဆံပင်ညှပ်ပုံသွင်းပေးရာမှာ မီးကို သုံးပြီး ပုံသွင်းပေးတဲ့ ဆန်းဆန်းပြားပြား နည်းစနစ်နဲ့ ဆံသဆရာတစ်ဦးပါ။

ရာမာဒန်ရဲ့ ဆံပင်အလှပြင်ဆိုင်ကတော့ ဂါဇာကမ်းမြောင်ရဲ့ ရာဖတ်ရှ်ဒုက္ခသည်စခန်းမှာ ရှိနေပါတယ်။

ဒီလို မီးကို အသုံးပြုပြီး ဆံပင်ပုံသွင်းယူတာက ရာမာဒန်တစ်ဦးတည်း ရှိနေတာတော့ မဟုတ်ပါဘူး။ အိန္ဒိယက ဆံသဆရာတစ်ချို့လည်း ဆန်းသစ်တီထွင်တဲ့ နည်းစနစ်နဲ့ ဆံပင်ပုံသွင်းပေးတာမျိုးရှိတယ် ဆိုပါတယ်။

ရာမာဒန်ရဲ့ ဆံပင်ပုံသွင်းပေးတဲ့ ပုံစံကတော့ လာညှပ်သူရဲ့ ဆံပင်ဆံသားတွေပေါ် မီးလောင်လွယ်တဲ့ အမှုန့်နဲ့ အရည်တို့ကို ဆွတ်ဖျန်းပါတယ်။ ပြီးတော့မှ မီးကို လိုသလို မြိုက်ပြီး ဆံပင်ကို စပုံသွင်းပါတော့တယ်။

ဆံပင်မှာ မီးစွဲနေချိန်မှာပဲ ကက်ကြေးနှစ်လက်နဲ့ ညှပ်ယူပုံသွင်းခြင်းကို လုပ်တာပါ။ လာညှပ်သူက သူ့ဆံပင်ပုံစံကို စိတ်ကျေနပ်မှု ရတော့မှ လက်စသတ် အပြီးသတ်တာ ဖြစ်ပါတယ်။

ရာမာဒန်ရဲ့ တစ်မူထူးတဲ့ ဆံပင်ညှပ်နည်းစနစ်ကြောင့် သူ့ဆိုင်မှာဆိုရင် လာရောက်ကြည့်ရှုသူတွေလည်း အုံနေတတ်ပါတယ်။

အိန္ဒိယက ဆံသဆရာတစ်ချို့ကလည်း မီးကိုသုံးပြီး ဆံပင်ညှပ်တတ်ကြတယ်လို့ သိရပါတယ်။ သူတို့ကတော့ ဖယောင်းတိုင်နဲ့ မီးမြိုက်ပြီး ဆံပင်ညှပ်ပုံသွင်းပေးကြတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly