ထရမ့်နှင့် လစ်ဗျားရွှေ့ပြောင်းသူများအရေးက အီးယူထိပ်သီးအစည်းအဝေးမှာ လွှမ်းမိုး

ထရမ့်နှင့် လစ်ဗျားရွှေ့ပြောင်းသူများအရေးက အီးယူထိပ်သီးအစည်းအဝေးမှာ လွှမ်းမိုး

အီးယူ၊ ဖေဖော်ဝါရီ ၃ ။            ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီးယူက ဗြိတိန်နုတ်ထွက်ခြင်းရဲ့ စိန်ခေါ်မှုတွေ အရိပ်လွှမ်းမိုးလျက် မော်လတာနိုင်ငံမှာ ကျင်းပတဲ့ အထူးထိပ်သီးညီလာခံမှာ အီးယူခေါင်းဆောင်တွေက လစ်ဗျားက ရွှေ့ပြောင်းဝင်ရောက်သူတွေ ဟန့်တားနိုင်မယ့် အစီအစဉ်ကို ဆွေးနွေးကြံဆောင်လျက်ရှိပါတယ်။

မြောက်အာဖရိကနိုင်ငံကနေ အီတလီနိုင်ငံတွင်း အန္တရာယ်များတဲ့ ပင်လယ်ကိုဖြတ်ပြီး ရွှေ့ပြောင်းဝင်ရောက်နေကြတဲ့အရေအတွက်ကို လျှော့ချနိုင်အောင် လစ်ဗျားကမ်းခြေစောင့်တပ်တွေကို အကူအညီပေးတာအပါအဝင် လုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်ဖို့ အီးယူခေါင်းဆောင် ၂၈ ဦးက မျှော်လင့်လျက်လည်းရှိပါတယ်။

ဒါပေမယ့် အီးယူအဖွဲ့အနေနဲ့ ဗြိတိန်မပါတော့ဘဲ အဖွဲ့၏ အနာဂတ်အရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားကြဖို့ ရှိနေပါတယ်။ အီးယူက ဗြိတိန် နုတ်ထွက်ခြင်းနဲ့ အမေရိကန်မှာ အစိုးရသစ်တက်လာခြင်းတို့မှာ ပထဝီနိုင်ငံရေး ကျပ်တည်းခက်ခဲမှုတွေက တိုးတက်များပြားလာခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က အီးယူကျန်နိုင်ငံတွေအနေနဲ့ ဗြိတိန်အတိုင်း အဖွဲ့က လိုက်နုတ်ထွက်လိမ့်မယ်လို့ ခန့်မှန်းပြောထားခြင်းနဲ့ နေတိုးအဖွဲ့ကိုလည်း အသုံးမဝင်တော့တဲ့အဖွဲ့အဖြစ်  ပြောဆိုခဲ့ခြင်းတွေကို   ပြင်သစ်သမ္မတ ဖရန့်ဆွာအော်လန်က ခါးခါးသီးသီး တုံ့ပြန်ပါတယ်။

“အမေရိကန်သမ္မတ တစ်ယောက်က ဥရောပက ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လိုမဖြစ်သင့်ဘူး ဆိုပြီး ပြောဆိုနေတာတွေက လက်သင့်မခံစရာတွေပါပဲ။”ဟု အီးယူထိပ်သီးအစည်းအဝေးကို ရောက်ရှိနေတဲ့ ဖရန့်ဆွာအော်လန်က ပြောလိုက်တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကလည်း အမေရိကန်အစိုးရနဲ့ အပေးအယူမျှရေးက အီးယူအတွက် အကောင်းဆုံးနည်းလမ်းကြောင်းပဲဆိုတာအပေါ် မတင်မကျဖြစ်စေကြောင်း   ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required