အမေရိကန်တို့၏ စီးနင်းတိုက်ခိုက်မှုအပြီး ယီမင်နိုင်ငံရှိ မြို့သုံးမြို့အား အယ်လ်ကေးဒါးတို့သိမ်းပိုက်

အမေရိကန်တို့၏ စီးနင်းတိုက်ခိုက်မှုအပြီး ယီမင်နိုင်ငံရှိ မြို့သုံးမြို့အား အယ်လ်ကေးဒါးတို့သိမ်းပိုက်

ဖေဖေါ်ဝါရီ ၃ ။           ။ ယီမင်နိုင်ငံရှိ အယ်လ်ကေးဒါးအဖွဲ့သည် အမေရိကန်တို့က အထူးစစ်ဆင်ရေးဖြင့် ၎င်းတို့၏ တပ်မှူးများအား ဦးတည် တိုက်ခိုက်ခဲ့မှုအပြီး ရက်အနည်းငယ်အကြာ၌   နိုင်ငံတောင်ပိုင်းရှိ  မြို့သုံးမြို့အား သိမ်းပိုက်ခဲ့ကြောင်း လုံခြုံရေးအရာ ရှိများက ယနေ့ သောကြာနေ့တွင် ပြောခဲ့သည်။

အရပ်သားအများအပြားနှင့် အမေရိကန်ရေတပ်မှ အထူးကွန်မင်ဒိုများ သေဆုံးခဲ့သော်လည်း အယ်လ်ကေးဒါးတို့၏ ခံတပ်များအား ပြီးခဲ့သော တနင်္ဂနွေနေ့က စီးနင်းတိုက်ခိုက်ခဲ့မှုသည်   အောင်မြင်ခဲ့သည်ဟု အိမ်ဖြူတော်က ကာကွယ်ပြောဆိုခဲ့သော်လည်း ဂျီဟတ်ဝါဒီ အစွန်းရောက်အဖွဲ့တို့သည် ယီမင်နိုင်ငံ အက်ဘ်ယန်ခရိုင်အတွင်းမှ လိုဒါ၊ရှာကရာ၊နှင့် အာဝါ မြို့သုံးမြို့အား သိမ်းပိုက်နိုင်ခဲ့ကြသည်။

အက်ဘ်ယန်ခရိုင်သည် အယ်လ်ကေးဒါးအဖွဲ့တို့၏ အမာခံနယ်မြေအဖြစ် ရှိခဲ့ပြီး ပြီးခဲ့သောနွေရာသီတုန်းက ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ကြီးမားသော ထိုးစစ်ဆင်မှုများ   ပြုလုပ်ခဲ့သောကြောင့် အစိုးရအဖွဲ့ အနေဖြင့် ခရိုင်အတွင်းရှိအဓိကမြို့များမှ အယ်လ်ကေးဒါးတို့အား မောင်းထုတ်နိုင်ခဲ့သည်။

ပြီးခဲ့သော ကြာသာပတေးနေ့ ညနေ၌ ဂျီဟတ်ဝါဒီ အစွန်းရောက်အဖွဲ့တို့၏ လိုဒါနှင့်ရှာကရာမြို့ထဲသို့ ဝင်ရောက်မှုသည် လွယ်ကူခဲ့ခြင်းမှာ အစိုးရက လစာငွေပေးချေရန်   နောက်ကျသောကြောင့်   ဒေါသထွက်နေကြသော အစိုးရတပ်သားများက လမ်းဖွင့်ပေးလိုက်သောကြောင့်ဖြစ်သည်ဟု လုံခြုံရေးအရာရှိက ပြောခဲ့သည်။

“ကျနော်တို့ရဲ့ တပ်သားတွေဟာ ဂျီဟတ်အစွန်းရောက်အဖွဲ့တွေကို ခုခံတိုက်ခိုက်ဖို့ လုံလောက်တဲ့ ကရိယာတွေနဲ့ လက်နက်တွေကို ထောက်ပံ့မှု မရရှိခဲ့တာကြောင့်် ဒေါသထွက်နေကြပြီး ဒါကြောင့် သူတို့ဟာ တိုက်ပွဲအတွင်းကနေ ရှောင်ထွက်သွားကြပါတယ်” ဟု အဆိုပါအရာရှိက ဆက်ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly