အာဏာအလွဲသုံးစား လုပ်မှုကြောင့် မြောက်ကိုရီးယား ထောက်လှမ်းရေးအကြီးအကဲ ရာထူးမှ ထုတ်ပယ်ခံရ

အာဏာအလွဲသုံးစား လုပ်မှုကြောင့် မြောက်ကိုရီးယား ထောက်လှမ်းရေးအကြီးအကဲ ရာထူးမှ ထုတ်ပယ်ခံရ

ဖေဖော်ဝါရီ ၃ ။                    ။ အာဏာအလွဲသုံးစားလုပ်မှုဖြင့် နိုင်ငံ၏ ထောက်လှမ်းရေးအရာရှိချုပ်ဖြစ်သူကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု   တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြောက်ကိုရီးယားလုံခြုံရေး ဝန်ကြီးဖြစ်သူ ကင်မ်ဝွန်ဟောင်မှာ ပြီးခဲ့သည့် ဇန်နဝါရီ လလယ်က ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့အေဂျင်စီအနေဖြင့် ယင်းမတိုင်မီက လုပ်ပိုင်ခွင့် အာဏာအလွဲသုံးစားလုပ်မှု၊ ခြစားမှု စသည်တို့ဖြင့် စစ်မေးခံခဲ့ရကြောင်း ဆိုးလ်မြို့ ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဂျောင်ဂျွန်ဟီက ပြောသည်။

" ကင်မ်ဝွန်ဟောင်ကို ခေါင်းဆောင် ကင်မ်ကိုယ်တိုင် ထုတ်လိုက်တာပါ၊ သူ့ရဲ့ အနီးစပ်ဆုံး လက်ထောက်တစ်ဦးဆိုလည်း မမှားပါဘူး" ဟု ၎င်းက ပြောသည်။ အလားတူ ကင်မ်ဝွန်ဟောင်မှာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဆင့်မှ ကြယ်တစ်ပွင့်အဆင့်သို့ လျှော့ချခံရသေးကြောင်းလည်း သိရသည်။

ယင်းနိုင်ငံတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း ခေါင်းဆောင် ကင်မ်ဂျုံအန်း  အာဏာရပြီးကတည်းက အဆင့်မြင့်ထိပ်တန်း အရာရှိများ ထုတ်ပယ်ခံရမှုများမှ လွတ်မြောက်နေခဲ့ပြီးမှ ယခုတစ်ကြိမ်မှ   ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ကင်မ်ဝွန်ဟောင်မှာလည်း ထပ်မံ ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။

ကင်မ်ဝွန်ဟောင်မှာ ၂၀၁၂ ခုနှစ်က ကင်မ်ဂျုံအန်း၏ ဦးလေးဖြစ်သူ နိုင်ငံ၏နံပါတ်နှစ်ခေါင်းဆောင် ဂျန်ဆုန်သိုက်ကို ဖမ်းဆီးကွပ်မျက်မှုဖြစ်စဉ်တွင် အဓိကပါဝင်ကိုင်တွယ်လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly