ဖိလစ်ပိုင် ပညာရေးဝန်ကြီးဌာနမှ ကျောင်းများ၌ ကွန်ဒုံးဖြန့်ဝေခြင်း အစီအစဉ်အားပယ်ချ

ဖိလစ်ပိုင် ပညာရေးဝန်ကြီးဌာနမှ ကျောင်းများ၌ ကွန်ဒုံးဖြန့်ဝေခြင်း အစီအစဉ်အားပယ်ချ

ဖေဖေါ်ဝါရီ ၃ ။             ။ အာရှတိုက်၌ HIVS ရောဂါပိုးကူးစက်မှု လျင်မြန်စွာကြီးထွားလာနေသောနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် ထိုဗိုင်းရပ်စ်ပိုးအား ကာကွယ်ရန်အတွက် ပြုလုပ်သော ကျောင်းများ၌ ကွန်ဒုံးဖြန့်ဝေပေးခြင်း အစီအစဉ်အား ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနမှ တားမြစ်လိုက်ကြောင်း အာဏာပိုင်များက ယနေ့သောကြာနေ့တွင် ပြောခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနက ကျောင်းများ၌ HIV ရောဂါကူးစက်မှုအား ကာကွယ်ရန် နည်းဗျူဟာ၏ တစ်စိတ်တစ် ပိုင်းအနေဖြင့် သန္ဓေတားဆေးများ ဝေငှသွားမည့် အစီအစဉ်အား ပြီးခဲ့သော ဒီဇင်ဘာလက ပြောခဲ့ပြီး ထို့အတွက် ကတ်သလစ်ဘာသာဝင် အများစုရှိရာဖိလစ်ပိုင်မှ ဘုန်းတော်ကြီးများနှင့်ဥပဒေပြုအမတ်များ၏ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ဖိလစ်ပိုင်နိုင်ငံသည် HIV ရောဂါပိုးကူးစက်မှုလျင်မြန်စွာကြီးထွားနေသောနိုင်ငံတစ်ခုဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့ များက အစိုးရသည်သန္ဓေတားဆေးများဖြန့်ဝေမှုမြှင့်တင်ရေးနှင့် လိင်တူချစ်သူနှင့်လိင်တူလိင်ကွဲနှစ်မျိုးစလုံးအား စိတ်ဝင်စားသောအမျိုးသားများအား လိင်ပညာပေးအစီအစဉ်များပြုလုပ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုပြောသည်။

သို့သော်လည်းပညာရေးဝန်ကြီးဌာနသည် ဥပဒေအရဌာနအနေဖြင့်လိင်ပညာပေးအစီအစဉ်သာပြုလုပ်နိုင်သည် ဟုပြဌာန်းထားသောကြောင့် မူလတန်းနှင့်အထက်တန်းကျောင်းများ၌ကွန်ဒုံးဖြန့်ဝေခြင်းအစီအစဉ်အား ခွင့်ပြု သွားမည်မဟုတ်ကြောင်း ယခုအပတ်တွင်ကြေညာခဲ့သည်။

“ကျနော်တို့ဟာကျောင်းသားမိဘများဘယ်လိုခံစားရသလဲဆိုတာကို သတိထားရပါတယ်။ပြီးတော့ ဝေဖန်အကြံ ပြုချက်တွေအရ သူတို့ဟာဒီအစီအစဉ်ကိုသဘောမတူဘူးဆိုတာကိုလည်း ကျနေ်ာတို့သိခဲ့ရပါတယ်” ဟု ပညာ ရေးဝန်ကြီးဌာနမှလက်ထောက်အတွင်းရေးမှူး တိုနီစီတိုအမ်မလီ ကပြောခဲ့သည်။

“ကျောင်းသားမိဘတွေက ကျောင်းသားကျောင်းသူများသည်ဒီအစီအစဉ်ကို မှားယွင်းစွာနားလည်သွားနိုင်ကြပြီး လက်မထပ်မီလိင်ဆက်ဆံခြင်းသည်ကောင်းသောအရာဟု ထင်သွားနိုင်ကြောင်းပြောခဲ့ကြပါတယ်။ ပြီးတော့ သူတို့အသက်ဘယ်လောက်ငယ်ငယ် အကာအကွယ်ပါရင်လိင်ဆက်ဆံလို့ရနိုင်တယ်လို့မှားယွင်းစွာနားလည် သွားနိုင်ကြောင်းပြောခဲ့ကြပါတယ်” ဟု သူကဆက်ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly