ဇန်နဝါရီ ၂၃ ။ ။ ဟောင်ကောင်တက္ကသိုလ်နယ်မြေနှင့်ဝန်ထမ်းရိပ်သာအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဒုတိယကမ္ဘာ စစ်မှလက်ကျန်ဗုံးတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့သောကြောင့် လူဒါဇင်ပေါင်းများစွာကို ယနေ့တနင်္လာနေ့တွင် ဘေးကင်းရာသို့ရွှေ့ပြောင်းခဲ့ရကြောင်းသိရသည်။
ဒေသတွင်းသတင်းဝက်ဘ်ဆိုက် Apple Daily ၏သတင်းတင်ပြချက်အရ ပို့ခ်ဖုလမ်လမ်းမကြီး၏အောက်တွင် ပေါင်၅၀၀ရှိသော အမေရိကန်လုပ်ဗုံးတစ်လုံးအား တွေ့ရှိခဲ့ရသောကြောင့် ဆောက်လုပ်ရေး လုပ်သားများနှင့်တကွ တက္ကသိုလ်ခန်းမအတွင်း နေထိုင်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ဆက်လက်ပြီးအဆိုပါသတင်းတင်ပြချက်အရ ယနေ့တနင်္လာနေ့ညနေခင်းတွင် တွေ့ရှိခဲ့သောဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာထဲ၌ အဆိုပါဗုံးအားဖောက်ခွဲပစ်မည်ဖြစ်ကြောင်းသိရသည်။
ဒုတိယကမ္ဘာစစ်တွင်းတုန်းက ဂျပန်တပ်များနှင့် ဗြိတိန်မဟာမိတ်တပ်များကြားဖြစ်ပွားသောတိုက်ပွဲများမှမပေါက် ကွဲဘဲကျန်ရှိနေသော ဗုံးများနှင့်လက်ပစ်ဗုံးများကို တရုတ်တောင်ပိုင်းမြို့တွင် တောင်တက်သမားများနှင့် ဆောက်လုပ်ရေးလုပ်သားများက မကြာခဏတွေ့ရှိလေ့ရှိ သည်။