တတိယအကြိမ်မြောက် လိင်တူချစ်သူ (LGBT) ရုပ်ရှင်ပွဲတော် ကျင်းပမည်

တတိယအကြိမ်မြောက် လိင်တူချစ်သူ (LGBT) ရုပ်ရှင်ပွဲတော် ကျင်းပမည်

ဇန်နဝါရီ ၂၀၊ ရန်ကုန် ။              ။ လိင်တူချစ်သူဆိုင်ရာ & PROUD LGBT ရုပ်ရှင်ပွဲတော်ကို ပြည်လမ်းမပေါ်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ဇန်နဝါရီ လ ၂၆ မှစ၍ လေးရက်တိုင် ကျင်းပပြုလုပ်မည်   ဖြစ်သည်။

ပွဲတော်တွင် LGBT ရုပ်ရှင်များအား ပြသခြင်းအပါအဝင် LGBT များ၏ အခွင့်အရေးနှင့်ပတ်သက်၍ စကားရည်လု ဆွေးနွေးခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းတင်ဆက်သွားမည်ပြီး  ဖွင့်ပွဲနေ့တွင် Out Run ဟုခေါ်သော ရုပ်ရှင်ဇာတ်ကား စတင်ပြသမှာဖြစ်ကာ ဇာတ်ကားအပြီးတွင် ဖော်ပြထားသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးငြင်းခုံခြင်း အစီအစဉ် ပြုလုပ်သွားမည်ဟု သိရသည်။ ၎င်း Out Run ဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကို ဖိလစ်ပိုင်နိုင်ငံမှ ရိုက်ကူး ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကမ္ဘာ့ပထမဦးဆုံး LGBT နိုင်ငံရေးပါတီတစ်ခု၏ အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်များ ပြသခြင်း၊၊ ကပြဖျော်ဖြေမှုများနှင့်အတူ ပါတီပွဲများလည်း ပါဝင်မည်ဖြစ်ကာ ဝင်ကြေးအခမဲ့ ပြသတဲ့ & PROUD ရုပ်ရှင်ပွဲတော်မှာ  တတိယအကြိမ်မြောက်   ဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly