အဆိုတော်နှင့်မင်းသားဖြစ်သူ Kim Hyun Joong ၏ ရည်းစားဟောင်းဖြစ်သူအားပြီးခဲ့သော ဇန်နဝါရီ ၆ရက်နေ့က လိမ်လည်မှုနှင့် အသေရဖျက်မှုအတွက် တရားစွဲဆိုထားကြောင်း သိရပါသည်။
မင်းသား၏ရည်းစားဟောင်းဖြစ်သူက သူမဟာ မင်းသား Kim Hyun Joong ကြောင့် ကိုယ်ဝန်ပျက်ကျခြင်းကို ခံခဲ့ရကြောင်း သက်သေအတုများ တင်ပြခဲ့ကာ အခိုင်အမာပြောဆိုခဲ့ပြီး အဆိုပါ သက်သေများဟာ မှားယွင်းနေသောကြောင့် ယခုလို တရားစွဲခံရခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရရှေ့နေများက သူမဟာ ပြောဆိုထားသောမက်ဆေ့များကိုချန်လှပ်ခဲ့ခြင်းအပါအဝင် သက်သေများကိုလို သလိုခြယ်လှယ်ခဲ့ကြောင်းပြောခဲ့သည်။ ဒါ့အပြင် Kim က သူမအားကိုယ်ဝန်ဖျက်ချဖို့ဖိအားပေးခဲ့ကြောင်း သူမ ပြောကြားခဲ့စဉ်အခါတုန်းကလည်း သူမတွင်ကိုယ်ဝန်အမှန်တကယ်မလွယ်ထားရကြောင်းသိရသည်။
အစိုးရရရှေ့နေများ၏အမြင်အရ ရည်းစားဟောင်းဖြစ်သူဟာ သက်သေများကိုရည်ရွယ်ချက်ရှိရှိဖြင့်လိုသလို ခြယ်လှယ်ခဲ့ပြီး Kim အားနစ်နာကြေးတောင်းဆိုဖို့အတွက်တရားစွဲဆိုခဲ့ကာ အသေရေဖျက်ခဲ့တာဖြစ်ကြောင်း သိရသည်။
သူမအားအသေရေဖျက်မှုနှင့်လိမ်လည်မှုတို့အတွက် လာမည့်မတ်လ၃၀ရက်နေ့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။ မင်းသား Kim Hyn Joong ဟာလည်း လာမည့်ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် စစ်မှုထမ်းတာဝန်မှပြီးဆုံးကာ ပြန်လာတော့မည်ဖြစ်ကြောင်းသိရသည်။