မြန်မာရေတပ်က ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဆိုသော The Daily Star သတင်းစာ Online Report ဖော်ပြချက် မှန်ကန်မှုမရှိဟု ထုတ်ပြန်

မြန်မာရေတပ်က ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဆိုသော The Daily Star သတင်းစာ Online Report ဖော်ပြချက် မှန်ကန်မှုမရှိဟု ထုတ်ပြန်

ဇန်နဝါရီ ၅၊ ။            ။ မြန်မာရေတပ်မှ ပစ်ခတ်ခဲ့၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု The Daily Star သတင်းစာ Online Report တွင် ဖော်ပြချက်မှာ မှန်ကန်မှုမရှိဟု ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ သိရသည်ဟု ယနေ့ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာအခြေစိုက် The Daily Star သတင်းစာ၏ Online Report တွင် “6 Bangladeshis shot in Myanmar firing at Bay” ဟု ဖော်ပြထားသော သတင်းတွင် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်၊ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတစ်စီးကို မြန်မာရေတပ် သင်္ဘောတစ်စီးက လိုက်လံပစ်ခတ်ခဲ့၍ ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောကို တပ်မတော် (ရေ) မှ ပစ်ခတ်ခဲ့ခြင်း မရှိဟု ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ သိရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required