ဇန်နဝါရီ ၄၊ အင်္ဂလန် ။ ။ မန်စီးတီးအသင်းမှာ ပြီးခဲ့သည့်နှစ်များက မန်ယူအသင်းထက် အောင်မြင်မှုများပိုမိုရရှိခဲ့သော်လည်း မန်ယူအသင်းကဲ့သို့ ခမ်းနားသည့် သမိုင်းကြောင်းမရှိသေးဟု ပြောဆိုလိုက်သည်။
မန်စီးတီးအသင်းကို အဘူဒါဘီသူဋ္ဌေးအုပ်စုက ၀ယ်ယူခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှ စတင်ကာ အဓိကဆုဖလားခြောက်ခုအထိရယူနိုင်ခဲ့သည်။ ထိုအထဲတွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များက ပရီးမီးယားလိဂ်ချန်ပီယံဆုများလည်း ပါ၀င်ခဲ့သည်။
မန်ယူအသင်းမှာမူ ၂၀၁၃ ခုနှစ်က နည်းပြဖာဂူဆန်ထွက်ခွာသွားပြီးသည့်နောက်ပိုင်း အောင်မြင်မှုများနှင့်ဝေးကွာခဲ့ပြီး အက်ဖ်အေဖလားတစ်လုံးသာ ရယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်နှစ်ကြိမ် ဆုံးရှုံးခဲ့ရသည်။
ဂွါဒီယိုလာက မန်စီးတီးအသင်းအနေဖြင့် မန်ယူအသင်းကို အောင်မြင်မှုသမိုင်းတွင် ပြိုင်ဆိုင်လိုပါက ချန်ပီယံလိဂ်တွင် အောင်မြင်မှုများရယူနိုင်ရန်လိုအပ်ကြောင်း ယုံကြည်လျက်ရှိနေသည်။
‘ကျွန်တော်တို့အသင်းမှာ အောင်မြင်မှုသမိုင်းဆိုတာမရှိပါဘူး။ ဘာစီလိုနာ၊ ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်နဲ့ မန်ယူအသင်းဂျာစီတွေဟာ အောင်မြင်မှုဆုဖလားတွေအများကြီး ရယူခဲ့ပြီးပါပြီ။
ကျွန်တော်တို့အနေနဲ့လာမယ့် ဆယ်စုနှစ်အတွင်း နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါ၀င်ခွင့်ရရှိအောင် ကြိုးစားရပါလိ့မ်မယ်။ အဲ့ဒါက အသင်းအတွက် ဆုဖလားတစ်လုံးရရှိတာထက်ပိုပြီး အရေးကြီးတယ်လို့ ယုံကြည်ပါတယ်’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။
ရည်ညွှန်း ဆော်ကာဝေး