အီဗရာဟီမိုဗစ်အနေဖြင့် ကစားသမားဘဝကို မန်ယူတွင်အဆုံးသတ်သင့်သည်ဟု မော်ရင်ဟို အကြံပြု

အီဗရာဟီမိုဗစ်အနေဖြင့် ကစားသမားဘဝကို မန်ယူတွင်အဆုံးသတ်သင့်သည်ဟု မော်ရင်ဟို အကြံပြု

ဒီဇင်ဘာ ၂၆၊ မန်ချက်စတာ။               ။ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်အနေဖြင့် ကစားသမားဘဝကို မန်ချက်စတာယူနိုက်တက်အသင်းတွင်သာ အဆုံးသတ်သင့်သည်ဟု နည်းပြ မော်ရင်ဟိုက အကြံပြုပြောကြားခဲ့သည်။

အီဗရာဟီမိုဗစ်မှာ မန်ယူနှင့်တစ်နှစ်သက်တမ်းရှိစာချုပ်သာချုပ်ဆိုထားပြီး ယခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အလွတ်ပြောင်းရွှေ့ခွင့်ရမည်ဖြစ်သည်။ မိုဗစ်မှာ မန်ယူသို့မရောက်လာခင်က အမေရိကန်နှင့်တရုတ်ကလပ်များ၏ကမ်းလှမ်းမှုကိုရရှိထားပြီး မော်ရင်ဟို ယင်းကလပ်အသင်းများသို့မပြောင်းပဲ မန်ယူတွင်သာဆက်နေရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

မိုဗစ်အတွက်ကျွန်တော် တကယ်ပျော်ပါတယ်။ အသက် ၃၅နှစ်အရွယ်မှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။ သူ့အနေနဲ့ တရုတ်နဲ့အမေရိကန်ကိုမသွားပဲ ထိပ်တန်းအဆင့်ကစားသမား ဖြစ်တာကို ထပ်ပြီး သက်သေပြနိုင်ဖို့ ထိပ်တန်းလိဂ်တွေမှာပဲ ဆက်ရှိသင့်ပါတယ်။ ဟု မော်ရင်ဟိုက ပြောသည်။

အီဗရာဟီမိုဗစ်မှာ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းမှ မန်ယူသို့ပြောင်းရွှေ့လာပြီးနောက် ၂၅ပွဲကစားအပြီးတွင် ၁၆ဂိုးအထိသွင်းယူထားကာအသင်းတွင်သွင်းဂိုးအများဆုံးရထားသော ကစားသမားတစ်ဦးဖြစ်နေသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly