ရီးယဲလ်မက်ဒရစ်မှ ရိုဒရီဂွက်ဇ် ထွက်ခွာမည် မဟုတ်

ရီးယဲလ်မက်ဒရစ်မှ ရိုဒရီဂွက်ဇ် ထွက်ခွာမည် မဟုတ်

ဒီဇင်ဘာ ၂၆၊ မက်ဒရစ်။          ။ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်း ရီးယဲလ်မက်ဒရစ်အသင်းမှာ ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ် အနေဖြင့် အသင်းပြောင်းရွှေ့မည်မဟုတ်ဟု ၄င်း၏ အေးဂျင့် ဂျော့မန်ဒက်စ်က အတည်ပြု ပြောကြားသည်။

အသက် ၂၅နှစ်အရွယ် ကိုလံဘီယာလက်ရွေးစင်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်မှာ ကမ္ဘာ့ကလပ်ချန်ပီယံရှစ် ဗိုလ်လုပွဲမတိုင်မီ ကမ်းလှမ်းမှုများစွာရထားပြီး ရီးယဲလ်တွင်ဆက်ရှိရန် မသေချာဟုပြောခဲ့သည်။ ၂၀၁၄ ကမ္ဘာ့ဖလားအပြီးတွင် ပြင်သစ်လီဂူးကလပ် မိုနာကိုမှ ရီးယဲလ်သို့ပြောင်းရွှေ့လာသော ဂျိမ်းစ်နှင့် ရီးယဲလ်၏ စာချုပ်သက်တမ်းမှာ ၂၀၂၀ခုနှစ်အထိကျန်ရှိနေသေးသည်။

လက်ရှိနည်းပြ ဇီဒန်းလက်ထက်တွင် ပွဲထွက်ခွင့်နည်းနေသဖြင့် ဂျိမ်းစ် ကအသင်းပြောင်းလိုနေခြင်းဖြစ်ပြီး စီးရီးအေ ချန်ပီယံ ဂျုဗင်တပ်သို့ ရောက်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။ ရီးယဲလ်နည်းပြ ဇီဒန်း အနေဖြင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဇန်နဝါရီစျေးကွက်အတွင်းရောင်းချဖွယ်မရှိပဲ ရာသီကုန်မှသာ အပြောင်းအရွှေ့ ကိစ္စဆွေးနွေးရန်စီစဉ်ထားသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly