သက်သေတူညီနေ၍ အင်းဝအပ်ချုပ်ဆိုင်အမှုအားလုံးကို ခရိုင်တရားရုံးတွင်သာ ပေါင်းစစ််မည်

သက်သေတူညီနေ၍ အင်းဝအပ်ချုပ်ဆိုင်အမှုအားလုံးကို ခရိုင်တရားရုံးတွင်သာ ပေါင်းစစ််မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။            ။ လူကုန်ကူးမှုပုဒ်မ၊ ကလေးသူငယ်ပုဒ်မတို့ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံး တို့တွင် တရားစွဲဆိုခံထားရသည့် အင်းဝ အပ်ချုပ်ဆိုင်အမှုတွင် သက်သေများတူညီနေသည့်အတွက် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးတွင်သာ စစ်ဆေးသွားရန် ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

“ နှစ်ဖက်လုံးမှာပါနေတဲ့ သက်သေတွေတူနေတယ်။ ပြီးတော့ အဲဒီ သက်သေတွေက သွားရလာရတဲ့ အခါကျတော့ ဟို ဘက်ရုံးသွား ဒီဘက်ရုံးသွားဆိုတော့ အမှုက ပိုကြာနေတယ်။ အခုဟာက ဒီအမှုစစ်ရင်း ဒီဘက်မှပဲ တခါတည်းပေါင်းစစ် သွားမယ်ဆိုတော့ အမှုက ကြန့်ကြာခြင်းနည်းသွားတာပေါ့နော်။ အဲဒီအတွက်ကြောင့် တရားသူကြီးက ပေါင်းစစ်တာပေါ့ “ ဟု မသီရိလတ်၏ ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်နှင်းစုအောင်က ပြောသည်။

ကျောက်တံတားမြို့နယ်တွင် ဆက်လက်စစ်ဆေးရန် တောင်းဆို ခဲ့သော်လည်း ခရိုင်တရားသူမှ အနောက်ပိုင်းခရိုင် တ ရားရုံးတွင်သာ ပေါင်းစစ်ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။

ဒီဇင်ဘာ၂၂ ရက်တွင် တရားလိုပြ သက်သေအဖြစ် မြန်မာနောင်းမှ မအိချယ်ရီအောင်ကို သက်သေထွက်ဆိုရန် ချိန်းဆိုခဲ့ သော်လည်း လာရောက်ခဲ့ခြင်းမရှိပေ။

အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်အပါအဝင် လူ ၆ ဦးကို လူကုန်တားရဲတပ်ဖွဲ့မှ ဒူရဲမှူး မျိုးညွှန့်က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် လူကုန်ကူး ပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်တင်သူဇာ၊ ဦးတင်မင်းလတ်၊ ကိုရာဇာထွန်းနှင့် မစုမွန်  လတ်တို့ကို ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန မှ စက်တင်ဘာ ၂၁ ရက်တွင် ကျောက်တံတားရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ဇန်နဝါရီ ၂ ရက်နေ့တွင် လူကုန်ကူးမှုပုဒ်မအတွက် တရားလိုပြသက်သေအဖြစ် မှုခင်း ဆရာဝန်ကို စစ်ဆေးမည် ဖြစ်ပြီး ဇန်နဝါရီ  ၅ရက်တွင် ကလေးသူငယ် ပုဒ်မ ၆၆(ဃ) ကို ဆက်လက်စစ်ဆေးရန် ခရိုင်တရားသူကြီးက သတ်မှတ် ထားသည်။

အိမ်အကူမိန်းကလေးနှစ်ဦးကို ကိုယ်လက်အင်္ဂါ ချို့ယွင်းသည့်အထိ နှိပ်စက်ခဲ့သောကြောင့် အင်းဝအပ်ချုပ်ဆိုင်မှ ဒေါ် တင်သူဇာ၊ ဦးတင်မင်းလတ်၊ ကိုရာဇာထွန်းနှင့် မစုမွန်လတ်တို့ကို ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ဖြင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ စက်တင်ဘာ ၂၁ ရက်တွင် ကျောက်တံတားရဲစခန်း၌ အမှုဖွင့်ခဲ့ ခြင်းဖြစ်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အမှတ် (၆) လူကုန်ကူးမှုတာစီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှုး မျိုး သိန်းက အင်းဝ အပ်ချုပ်ဆိုင်ရှင်(၆) ဦးလုံးကို  လူကုန်ကူးမှု ပုဒ်မှတ် (၂၄/၃၂)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly