၂၀၁၆ခုနှစ်အတွက် ဗြိတိန်ရဲ့ ပွဲဦးထွက်ရောင်းအားအကောင်းဆုံး သီချင်းအယ်လ်ဘမ်ပိုင်ရှင်ဖြစ်လာသည့် Blossoms ဂီတအဖွဲ့

၂၀၁၆ခုနှစ်အတွက် ဗြိတိန်ရဲ့ ပွဲဦးထွက်ရောင်းအားအကောင်းဆုံး သီချင်းအယ်လ်ဘမ်ပိုင်ရှင်ဖြစ်လာသည့် Blossoms ဂီတအဖွဲ့

၂၀၁၃ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ Blossoms ဂီတအဖွဲ့ဟာ မကြာသေးခင်ကမှ ၄င်းတို့ရဲ့ ပွဲဦးထွက်သီချင်း အယ်လ်ဘမ်ထွက်ရှိခဲ့ပြီး ထိုအယ်လ်ဘမ်ဟာ ၂၀၁၆ခုနှစ်အတွက်   ဗြိတိန်ရဲ့ ပွဲဦးထွက်ရောင်းအားအကောင်းဆုံး သီချင်းအယ်လ်ဘမ်တစ်ခု ဖြစ်လာခဲ့ပါသည်။

အင်္ဂလိပ် အင်ဒီပေါ့ပ်အဆိုတော်အဖွဲ့ဟာ Tom Ogden ၊Charlie Salt ၊Josh Dewhurst ၊Joe Donovan နှင့် Myles Kellock စတဲ့ အဖွဲ့ဝင်ငါးယောက်ဖြင့် ဖွဲ့စည်းထားပါသည်။

ယခုနှစ်ဟာ သူတို့အဖွဲ့ရဲ့ဘဝကိုပြောင်းလဲစေတဲ့ နှစ်တစ်နှစ်ဖြစ်လာခဲ့ပြီး အဆိုတော် Jack Garrat နှင့် Zayn Malik တို့ရဲ့ ပွဲဦးထွက် သီချင်းအယ်လ်ဘမ်ရောင်းအားကို ၄င်းတို့အဖွဲ့က   ကျော်ဖြတ်သွားခဲ့ပါသည်။

၄င်းတို့အဖွဲ့ရဲ့အယ်လ်ဘမ်ကို ပြီးခဲ့သောသြဂုတ်လကစတင်ဖြန့်ချီခဲ့ပြီး လက်ရှိမှာ အယ်လ်ဘမ်ခွေပေါင်း ၆၅၁၂၃ ချပ်ရောင်းချထားရပါသည်။ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ရဲ့ Mind Of Mine အယ်လ်ဘမ်က တော့ မတ်လ၂၅ရက်နေ့ကစတင်ဖြန့်ချီခဲ့ပြီး အယ်လ်ဘမ်ပေါင်း ၆၄၂၁၁ ချပ် ရောင်းချထားရကာ Jack Garratt ရဲ့အယ်လ်ဘမ် Phase ကတော့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က စတင်ဖြန့်ချီခဲ့ပြီး အချပ်ရေ ၆၂၂၁၇ ချပ်ရောင်းချ ထားရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly