ဒီဇင်ဘာ ၂၁၊ မက်ဒရစ်။ ။ ကိုလံဘီယာသို့ပြန်ပြီး ဗြိတိန်ဗီဇာရရန် လုပ်ဆောင်နေသည့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်သည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ဖွယ် ရှိနေသည်ဟု အယ်တီယန်ပိုသတင်းတွင် ဖော်ပြထားသည်။
ရီးယဲလ်မက်ဒရစ်ကွင်းလယ်ဖန်တီးရှင် ကစားသမားသည် အသင်းတွင် ပွဲထွက်ခွင့်အကန့်အသတ်ဖြင်သာရနေသဖြင့် ဇန်နဝါရီတွင် ဆန်တီယာဂို ဘာနေဗျူးမှထွက်ခွာရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ချယ်လ်ဆီး၊ မန်ယူ၊ အင်တာ၊ ပီအက်စ်ဂျီနှင့် မီလန်အသင်းများကချိတ်ဆက်နေသည့် ရိုဒရီဂွက်ဇ်ကို ဘိုဂိုတာရှိ ဗြိတိန်သံရုံး ရှေ့တွင် သတင်းထောက်များက တွေ့ရှိခဲ့ကြသည်။
ဗြိတိန်သတင်းစာ ဒေးလီးမေးလ်တွင်မူ ရိုဒရီဂွက်ဇ်သည် ရီးယဲလ်မှ ထွက်ခွာပြီး လာရောက်ကစားရန် ပရီးမီးယားလိဂ်ကလပ် အသင်းများထံ ကမ်းလှမ်းထားသည်ဟု ဖော်ပြထားသည်။
ရိုဒရီဂွက်ဇ်ကိုယ်တိုင်ကလည်း ဇန်နဝါရီအပြောင်းအရွှေ့တွင် ရီးယဲလ်မှထွက်ခွာဖွယ်ရှိသည်ဆိုသော သတင်းများကို ငြင်းဆန်ခြင်း မရှိပေ။
“ရီးယဲလ်မှာဆက်နေမယ်လို့ ကျွန်တော်အာမ မခံနိုင်ပါဘူး။ ကမ်းလှမ်းခံထားရတွေရှိပြီး အနာဂါတ်ကိုစဉ်းစားဖို့ အချိန် ခုနစ်ရက် ရပါတယ်။ ရီးယဲလ်မှာ ကျွန်တော်ပျော်ပါတယ်။ ဒါပေမဲ့ ပိုပြီးတော့လည်း ကစားချင်ပါတယ်။
ဗိုလ်လုပွဲမှာ ကစားချင်ခဲ့တဲ့ ခံစားချက်ရှိပါတယ်။ ဒါပေမဲ့ ဖလားအတွက်တော့ ပျော်ပါတယ်။ ဒါက ကျွန်တော့်အတွက် ၁၅ လုံးမြောက် ဆုဖလားပါ”ဟု ရီးယဲလ်အသင်း ကလပ်ကမ္ဘာ့ဖလားတွင် အနိုင်ရဗိုလ်စွဲပြီးနောက် ရိုဒရီဂွက်ဇ်က ပြောသည်။
Ref; Daily Mail