ဘင်ဖီကာနှင့် ဆွေးနွေးပြီးနောက် လင်ဒီလော့ဖ်ကို ခေါ်နိုင်ရန် မန်ယူအသင်း နီးစပ်လာ

ဘင်ဖီကာနှင့် ဆွေးနွေးပြီးနောက် လင်ဒီလော့ဖ်ကို ခေါ်နိုင်ရန် မန်ယူအသင်း နီးစပ်လာ

ဒီဇင်ဘာ ၂၀၊ မန်ချက်စတာ။          ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ဘင်ဖီကာအသင်း တာဝန်ရှိသူများနှင့် အင်္ဂလန်တွင် ဆွေးနွေးပြီးနောက် ဘင်ဖီကာ နောက်ခံလူလင်ဒီလော့ဖ်ကို ပေါင် ၃၈ သန်းဖြင့် ခေါ်ယူနိုင်ရန် နီးစပ်လာခဲ့ပြီဖြစ်သည်။

အိုးထရက်ဖို့ဒ်အမှုဆောင်ချုပ်ဝုဒ်ဝက်ဒ်သည် လင်ဒီလော့ဖ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းခေါ်ယူနိုင်ရေးအတွက် ဘင်ဖီကာအသင်းတာဝန်ရှိသူများနှင့် မန်ချက်စတာတွင် တနင်္လာနေ့က ဆွေးနွေးခဲ့သည်။

နည်းပြမော်ရင်ဟိုသည် နွေရာသီက ပေါင်သန်း ၃၀ ဖြင့်ခေါ်ထားသည့် ဘိုင်ယီရှိနေသော်လည်း ဗဟိုခံစစ်အင်အားဖြည့်ရန် စိတ် အားထက်သန်နေသည်။ ဘိုင်ယီသည် ဇန်နဝါရီတွင် အာဖရိကဖလားပွဲ သွားရောက်ကစားရမည်ဖြစ်သော်လည်း ဖီးလ်ဂျံုးစ်နှင့် ရိုဟိုတို့မှာ မကြာသေးခင်ရက်သတ္တပတ်များက ပုံမှန်ခြေစွမ်းနှင့် ကြံ့ခိုင်မှု ပြန်လည်ရရှိနေကြသည်။

မန်ယူအသင်းကင်းထောက်များသည် အသက် ၂၂ နှစ်အရွယ် လင်ဒီလော့ဖ်ကို ယခုနှစ်ရာသီတွင် ပုံမှန်စောင့်ကြည့်နေပြီး မော်ရင်ဟိုသည် ဆွီဒင်လက်ရွေးစင်ကစားသမားကို ဥရောပကလပ်များကစိတ်ဝင်စားနေကြောင်းသတိထားမိသဖြင့် နွေရာသီ အပြောင်းအရွှေ့ထက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ခေါ်ယူလိုနေခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တက်ရောက်ထားသည့်ဘင်ဖီကာအသင်းမှာမူ ၂၀၁၂ တွင် ဆွီဒင်ကလပ်ဗက်စ်တာရာမှပြောင်းလာပြီး ဥရောပအလားလာရှိလူငယ်နောက်ခံလူတစ်ဦး အဖြစ်ပေါ်ထွက်လာသည့် လင်ဒီလော့ဖ်ကိုဆက်ထိန်းထားလိုပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းတောင်းဆိုထားသည်။

မန်ယူအသင်းသည်ဆောက်သမ်တန်မှ ဖွန်တီကိုလည်းချိတ်ဆက်နေသည့်တိုင် လင်ဒီလော့ဖ်ကိုသာ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required