ပထမဆုံးအနေနဲ့ တီဗီစီးရီးတစ်ခုရဲ့ အဓိကသရုပ်ဆောင်နေရာကနေ ပါ၀င်မယ့် ဟောလိ၀ုဒ်မင်းသမီး Julia Roberts

ပထမဆုံးအနေနဲ့ တီဗီစီးရီးတစ်ခုရဲ့ အဓိကသရုပ်ဆောင်နေရာကနေ ပါ၀င်မယ့် ဟောလိ၀ုဒ်မင်းသမီး Julia Roberts

ဒီဇင်ဘာ ၁၇ ။               ။ နာမည်ကျော် ဟောလိ၀ုဒ်မင်းသမီး Julia Roberts သည် တီဗီစီးရီးတစ်ခုရဲ့ အဓိကသရုပ်ဆောင်နေရာကနေ ပထမဆုံးအကြိမ်အနေနဲ့ ပါ၀င်ရိုက်ကူးသွားဖို့ရှိနေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

အမေရိကန်စာရေးဆရာမ Maria Semple ၏ ၀တ္ထုဖြစ်တဲ့ "Today Will Be Different" ကို ရိုက်ကူးသွားမယ့် ယင်းတီဗီစီးရီးတွင် အမေရိကန်မင်းသမီး Roberts က အဓိကနေရာကနေ ပါ၀င် သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Roberts ဟာ ယင်းဝတ္ထုထဲက အဓိကဇာတ်ကောင် Eleanor Food နေရာကနေ ပါ၀င်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

" ၀တ္ထုထဲက Eleanor Flood အဖြစ် Julia Roberts ကပါ၀င်သရုပ်ဆောင်သွားမယ့်အပေါ် ကျွန်မအနေနဲ့ အရမ်းကို ၀မ်းသာမိပါတယ်" လို့ စာရေးဆရာ Semple က ပြောသွားပါတယ်။

မင်းသမီး Roberts အနေနဲ့ ယခင်နှစ်တွေကတော့ တီဗီစီးရီးတော်တော်များများမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါ၀င်ထားခဲ့ဖူးပေမယ့် ယခုစီးရီးမှာတော့ သူမအနေနဲ့ ပထမဆုံးအကြိမ် အဓိက   နေရာကနေ သရုပ်ဆောင်တော့မှာလည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly