ကင်မ်ဂျောင်ကွတ်နှင့် ဆောင်းဂျီဟို တို့အား “Running Man”ထုတ်လုပ်ရေးမှ တရားဝင်တောင်းပန်စာ ထုတ်ပြန်

ကင်မ်ဂျောင်ကွတ်နှင့် ဆောင်းဂျီဟို တို့အား “Running Man”ထုတ်လုပ်ရေးမှ တရားဝင်တောင်းပန်စာ ထုတ်ပြန်

ဒီဇင်ဘာ ၁၅ရက်နေ့တွင် Running Man ထုတ်လုပ်ရေးအဖွဲ့မှ “မကြာသေးခင်ကမှ Running Man အတွက် အငြင်းပွားဖွယ်ရာသရုပ်ဆောင်အပြောင်းအလဲနှင့်ပက်သက်၍ ကျနော်တို့ရဲ့ သဘောထားကို   ဖော်ပြလိုပါတယ်” လို့ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် လာမည့်၂၀၁၇ဇန်နဝါရီလတွင် ဒုတိယဇာတ်လမ်းတွဲကိုစတင်ဖြန့်ချီမည့် လုပ်ငန်းစဉ် ရည်မှန်းချက်များကို လက်စမသတ်နိုင်တော့ကြောင်းကို ထပ်မံရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး “ အဖွဲ့ကိုအသစ် ပြန်လည်ဖွဲ့စည်းမည်ဆိုသည့် မမျှော်လင့်ထားသောသတင်းကိုထုတ်ပြန်ခဲ့သောကြောင့် လွန်ခဲ့သော ရနှစ်ကတည်းက ကျနော်တို့မိသားစုလိုဆက်ဆံခဲ့ကြတဲ့ ဆောင်းဂျီဟိုနှင့် ကင်မ်ဂျောင်ကွတ် တို့နှစ်ယောက်စလုံးကို ကျနော်တို့ နာကျင်စေမိခဲ့ပါတယ်၊ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး ကျနော်တို့ သူတို့နှစ်ယောက် စလုံးကို စိတ်ရောကိုယ်ပါရိုးသားစွာ တောင်းပန်လိုပါတယ်” လို့ပြောကြားခဲ့ပါသည်။

ထုတ်ရေးအဖွဲ့က “သူတို့နှစ်ယောက်စလုံးအပေါ်မှာ ထောက်ထားမှုမရှိ၊စဉ်းစဉ်းစားစားမရှိပဲ လုပ်ခဲ့တဲ့ အပြုအမူတွေအတွက် ထပ်မံပြီး စိတ်ရောကိုယ်ပါ ရိုးသားစွာတောင်းပန် လိုပါတယ်။ အခြား Running Man အဖွဲ့ဝင်တွေကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် သူတို့ကိုပါ ကျနော်တို့ တောင်းပန်လိုပါတယ်” လို့ပြောကြားရင်း သူတို့ရဲ့ကြေညာချက်ကို အဆုံးသတ်ခဲ့ပါသည်။

ပြီးခဲ့သော ဒီဇင်ဘာ ၁၄ရက်နေ့က ဆောင်းဂျီဟိုနှင့် ကင်မ်ဂျောင်ကွတ်တို့ဟာ Running Man အဖွဲ့မှထွက်ခွာ တော့မည့်အကြောင်း ကြေညာခဲ့ပါသည်။ ယခုလောလောဆယ်မှာ ဆောင်းဂျီဟိုနှင့် ကင်မ်ဂျောင်ကွတ် တို့ရဲ့ ကိုယ်စားလှယ်အေဂျင်စီများကလည်း သူတို့နှစ်ဦး Running Man အဖွဲ့ဝင်အဖြစ်မှ ထွက်ခွာတော့မည်ဆိုတဲ့ အကြောင်းကို အတည်ပြုခဲ့ကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required