မမျှော်လင့်သော အလှည့်အပြောင်းတစ်ခုရှိလာတဲ့ Fast and Furious ဇာတ်ကားသစ်

မမျှော်လင့်သော အလှည့်အပြောင်းတစ်ခုရှိလာတဲ့ Fast and Furious ဇာတ်ကားသစ်

ဒီဇင်ဘာ ၁၂ ။               ။ လွန်ခဲ့သော သောကြာနေ့က စက္ကန့်အနည်းငယ်စာလောက် နမူနာထွက်ရှိခဲ့ပြီး ယခု သုံးမိနစ်ကျော်ရှိတဲ့ နမူနာမှာတော့ ဇာတ်လမ်းကို စောင့်မျှော်နေသူအားလုံးအတွက် အံ့သြစရာအလှည့် အပြောင်းတစ်ခုကို ရှစ်ကားမြောက် Fast and Furious ဇာတ်ကားက ပေးစွမ်းခဲ့ပါသည်။

Fast and Furious ဇာတ်လမ်းတွဲရဲ့ ရှစ်ကားမြောက်ဇာတ်လမ်းဖြစ်တဲ့ “The Fate of the Furious” ဇာတ်ကား မှာ အဓိကသရုပ်ဆောင် Dom နဲ့ Letty တို့ဟာ သူတို့ရဲ့ဟန်းနီးမွန်းခရီးကိုအတူထွက်ခဲ့ပြီး အခြားအဖွဲ့ဝင်တွေ ကတော့ သူတို့ရဲ့နေ့စဉ်ဘဝထဲကို ပြန်လည်ရောက်ရှိ သွားခဲ့ပါတယ်။ သို့ပေမယ့် Dom ဟာရာဇဝတ်မှုကမ္ဘာထဲကို ထူးဆန်းတဲ့အမျိုးသမီးတစ်ဦး (Charlize Theron)နဲ့အတူ   ပြန်လည်ရောက်ရှိသွားတဲ့အခါမှာ ဇာတ်ကားရဲ့ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ပြီးခဲ့တဲ့ဇာတ်ကားတွေထဲက အဖွဲ့ဝင်အားလုံးဟာ အတူတကွစုရုံးပြီး Dom ကို တိုက်ခိုက်အနိုင်ယူဖို့ ဖြစ်လာရပါတယ်။ ဒီဇာတ်လမ်းမှာ နယူးယောက်မြို့၊ ကျူးဘား၊ နဲ့အာတိတ်က ဘားရန့်ပင်လယ်တို့အထိကို အဖွဲ့ဝင်တွေအားလုံးဟာ သွားရောက်စွန့်စားခန်းဝင်ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ Paul Walker ကလွဲလို့ပြီးခဲ့တဲ့ဇာတ်ကားထဲကသရုပ်ဆောင်အားလုံးပါ၀င်ပြီး သရုပ်ဆောင် အသစ်တွေအဖြစ် Charlize Theron၊Scott Eastwood နဲ့Helen Mirren တို့ ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဒီ Fast and Furious ဇာတ်ကားသစ်ဟာတော့ ထွက်ရှိသမျှ ဇာတ်ကားတွေထဲမှာ အက်ရှင်ခန်းနဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားတွေ အများဆုံးပါ၀င်ထားပြီး လာမည့် ၂၀၁၇ ဧပြီလ ၁၄ရက်နေ့မှာ ကမ္ဘာတစ်ဝန်း ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဇာတ်ကားသစ်ရဲ့ နမူနာကိုတော့ ဒီမှာကြည့်ရှုနိုင်ပါတယ်။

https://www.youtube.com/watch?v=5XBmsl7wbIQ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required