နည်းပြဇီဒန်း၏ ရီးယဲလ်အသင်း ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်

နည်းပြဇီဒန်း၏ ရီးယဲလ်အသင်း ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်

ဒီဇင်ဘာ ၁၁၊ စပိန် ။            ။ နည်းပြဇီဒန်း၏ ရီးယဲလ်အသင်းမှာ ဒီပို့တီဗိုအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် ရီးယဲလ်အသင်း၏သမိုင်းတစ်လျှောက် ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်သစ်တင်နိုင်ခဲ့သည်။

ထိုပွဲစဉ်တွင် ရီးယဲလ်အသင်း၌ အဓိက ကစားသမားများဖြစ်သည့် စီရော်နယ်ဒို၊ ဘန်ဇီမာ၊ ဂါရတ်ဘေးလ်တို့ ပါ၀င်နိုင်ခြင်းမရှိခဲ့ဘဲ လူငယ်ကစားသမားများဖြင့် ကစားခဲ့သည်။

ရီးယဲလ်အသင်းအတွက် ဂိုးများကို ဒဏ်ရာက ပြန်သက်သာလာသည့် မိုရာတာ၊ လူငယ်ကစားသမား မာရီယာနိုနှင့် ရာမို့စ်တို့က သွင်းယူပေးခဲ့ကြသည်။ မိနစ် ၉၀ တွင်သွင်းခဲ့သည့် ရာမို့စ်၏ နောက်ကျဂိုးကြောင့် ရီးယဲလ်တို့အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယခင်က ရီးယဲလ်အသင်း၏သမိုင်းတွင် နည်းပြ လီယိုဘန်ဟက်ကာ၏အသင်းက ၁၉၈၈ မှ ၁၉၈၉ ခုနှစ်အတွင်း ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်ထားနိုင်ခြင်းဖြစ်သည်။ ထိုစံချိန်ကို ယခုနှစ်ပေါင်း ၂၇ နှစ်အကြာတွင် ဇီဒန်း၏အသင်းက စံချိန်ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရီးယဲလ်အသင်းသည် ၂၀၁၆ ခုနှစ် ဧပြီလက ၀ုဖ်ဘတ်အသင်းကို ချန်ပီယံလိဂ်တွင် ရှုံးနိမ့်ပြီးနောက် အီဘာကို ၄-၀ ဖြင့် အနိုင်ရသည့်ပွဲမှ စတင်ကာ ယခုစံချိန်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ နိုင်ပွဲ ၂၆ ပွဲ ရရှိခဲ့ကာ ၉ ပွဲသရေကျခဲ့သည်။ ထို ၃၅ ပွဲတွင် ရော်နယ်ဒိုက ၂၁ ဂိုးအထိသွင်းယူပေးခဲ့သည်။

ဒီပို့ဒီပိုနှင့်ပွဲတွင် အနိုင်ဂိုးသွင်းပေးခဲ့သည့် ရာမို့စ်မှာ ယခုနှစ်ရာသီတွင် ရီးယဲလ်အတွက် ၅ ဂိုးအထိသွင်းထားပြီး လာလီဂါနောက်ခံကစားသမားများထဲတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required