နာမည်ကျော်ဟာသသရုပ်ဆောင်အနုပညာရှင်ဖြစ်သူ အေမီရှုးမားဟာ ထွက်ရှိလာမည့် Barbie ဇာတ်ကား သစ်တွင်ပါ၀င်သရုပ်ဆောင်မည်ဆိုသောကြောင့် သူမ၏ ပြည့်ဖြိုးသည့်ခန္ဓာကိုယ်အား လှောင်ပြောင်သည့်သူ များရှိလာပြီး သူမကလည်း လူမှုမီဒီယာပေါ်မှတဆင့်ပြန်လည်တုံ့ပြန်ခဲ့ပါသည်။
အသက်၃၅နှစ်အရွယ်ရှိပြီဖြစ်သည့် အေမီရှုးမားဟာ နာမည်ကျော်ဇာတ်ကောင် ဘာဘီ(Barbie) အားရုပ်ရှင် အဖြစ်ထွက်ရှိလာမည့်အစီအစဉ်တွင် ပါ၀င်ရမည်ဆိုသောကြောင့် အလွန်ကိုဂုဏ်ယူမိကြောင်းပြောကြားခဲ့ ပါသည်။
သူမဟာ အင်စတာဂရမ်မှာ ရေကူးဝတ်စုံဝတ်ထားတဲ့သူမရဲ့ပုံကိုတင်ခဲ့ပြီး ကျမဟာကြံ့ခိုင်မှုရှိခဲ့ရင်တောင်မှ၊ လှပ နေခဲ့ရင်တောင်မှကျမဘဝကိုရှင်တို့ဖန်တီးခွင့်မရှိပဲ ကျမဘာသာပဲဖန်တီးရမှာပါ လို့ စာနှင့်တကွဖော်ပြခဲ့ပါသည်။
ဆက်လက်ပြီး သူမက သူမကိုမုန်းတီးနေသူတွေအား ရယ်သွမ်းသွေးပြီး ကိုယ်ချင်းစာတရားနှင့်သာတုံ့ပြန်သွား မည်ဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါသည်။ ဒါ့အပြင်သူမကို ထောက်ခံအားပေးသူများကိုလည်းကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
Ref: Reuters