အိမ်ထောင်သက် ၂ နှစ်ကြာပြီးနောက် အဆိုတော် Sia နှင့်သူမ၏ ခင်ပွန်းဖြစ်သူတို့ လမ်းခွဲ

အိမ်ထောင်သက် ၂ နှစ်ကြာပြီးနောက် အဆိုတော် Sia နှင့်သူမ၏ ခင်ပွန်းဖြစ်သူတို့ လမ်းခွဲ

ဂရမ်မီဆုများပိုင်ရှင်ဖြစ်သူ အဆိုတော် Sia နှင့် သူမ၏ခင်ပွန်း ရုပ်ရှင်ရိုက်ကူးသူ အဲရစ်အန်ဒါစ်လန်း တို့ဟာ အခု ဆိုရင် လမ်းခွဲလိုက်ကြပါပြီ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သူတို့၏ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်အရ Sia နှင့် သူမ၏ခင်ပွန်းတို့ဟာ အပြန်အလှန် စဉ်းစားဆင်ခြင်သုံးသပ်ပြီးနောက် သူတို့ဟာအကြင်လင်မယားအဖြစ်မှ လမ်းခွဲပြတ်ဆဲဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပြီးဖြစ်ပါတယ်လို့ သိရပါတယ်။

သူတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၄ သြဂုတ်လကမှ လက်ထပ်ထားခဲ့ကြတာဖြစ်ပါတယ်။ အခုလိုလမ်းခွဲလိုက်ပေမယ့်သူတို့ ဟာ သူငယ်ချင်းတွေအဖြစ် ဆက်လက်နေထိုင်သွားမယ်လို့  ပြောခဲ့ပြီး  နောက်ထပ် မှတ်ချက်များပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

အဆိုတော် Sia ဟာ ဘီယွန်းဆေး၊ရီဟားနား၊ကေတီပယ်ရီတို့လို နာမည်ကျော်အဆိုတော်အတွက်သီချင်းများ ရေးသားပေးခဲ့ဖူးပြီး သူမကိုယ်တိုင်သီဆိုထားတဲ့သီချင်းတွေဖြစ်တဲ့ “Chandelier”နှင့် “Cheap Thrills” တို့ ကဲ့သို့သောသီချင်းများနှင့်လည်းလူသိများထင်ရှားပါတယ်။ သူမဟာယခုနှစ် ဂရမ်မီဆုပေးပွဲအတွက်ဆုလျာထား ခံရတဲ့စာရင်းမှာပါ၀င်ထားပြီး အကောင်းဆုံး ပေါ့ပ်အယ်လ်ဘမ်ခွေဆုအတွက် “This is Acting” အယ်လ်ဘမ် ဖြင့်လျာထားခြင်းခံထားရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly