ဒူဘိုင်းကို မေ့လိုက်ပါ၊ ပိုမိုခြောက်သွေ့ပြီး ဖုန်ထူတဲ့ အားလပ်ရက် အပန်းဖြေနေရာသစ် တစ်ခုဖြစ်လာမယ့် လကမ္ဘာသို့ ဆယ်စုနှစ်တစ်ခုအတွင်း သွားရောက်နိုင်တော့မှာဖြစ်ပါတယ်။
လာမယ့် ၁၀ နှစ်အတွင်း လကမ္ဘာသို့ အားလပ်ရက်ခရီးစဉ်အား ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၀,၀၀၀ (ပေါင် ၈,၀၀၀ အောက်) ဖြင့် သွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း Moon Express ရဲ့ တည်ထောင်သူ Naveen Jai က ပြောပါတယ်။
Moon Express က လာမယ့်နှစ် ၂၀၁၇ ခုနှစ်မှာ ပထမဆုံး ခရီးစဉ်အဖြစ် လကမ္ဘာသို့ သွားရောက်ဖို့ စီစဉ်ထားပြီး လေ့လာမှု ပြုလုပ်တာ၊ သတ္တုတွင်းထွက် ပစ္စည်းများနှင့် အခြား ဂတ်စ်များ ရှာဖွေတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
Moon Express ဟာ လပေါ်သို့ ဆက်းသက်ဖို့ ခွင့်ပြုချက်လိုင်စင်ရတဲ့ ပထမဦးဆုံး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ သာမန်လူများ သွားရောက် လည်ပတ်မယ့် ၁၇ ရက်တာ ခရီးစဉ်ဟာ ရုရှား ဒုံးကျည်ဖြင့် စတင်ပျံသန်းမှာဖြစ်ပြီး လကမ္ဘာသို့ မထွက်ခွာမီ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်မှာ လကမ္ဘာသို့ သွားရောက်နိုင်မယ့် ခရီးစဉ်ကို စီစဉ်ထားတယ်လို့ သိရှိရပါတယ်။
Ref; Yahoo, Xinhua