ဒီဇင်ဘာလ ၃ရက် စနေနေ့က ညီညွတ်သောမလေးရှားအမျိုးသားအစည်းအရုံး(UMNO) ပါတီရဲ့ ငါးရက်ကြာ ညီလာခံမှာ မလေးရှား ၀န်ကြီးချုပ်နာဂျစ်ရာဇတ်က နိုင်ငံအတွင်းရှိ မွတ်စလမ်များ စည်းလုံးညီညွှတ်မှုရှိကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး ညီလာခံကို အပြီးသတ်လိုက်ပါတယ်။
မစ္စတာနာဂျစ်ဟာ မကြာခင်မှာ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီတွင်းပြင်ဆင်မှုများ ပြုလုပ်နေတာဖြစ်ပါတယ်။
ညီညွတ်သောမလေးရှားအမျိုးသားအစည်းအရုံးပါတီရဲ့ ခေါင်းဆောင်တစ်ဖြစ်လဲ ၀န်ကြီးချုပ် မစ္စတာနာဂျစ် က ဒီနှစ်ရဲ့ အထွေထွေအစည်းအဝေးဟာ သူတက်ဖူးသမျှ နှစ်ပတ်လည်အစည်းအဝေးတွေထဲမှာ အကြီးကျယ်ဆုံးနဲ့ အကောင်းဆုံး တစ်ခုဖြစ်ကြောင်းပြောခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ မစ္စတာနာဂျစ်က ပါတီအတွင်းမှာရှိတဲ့ အမာခံကိုယ်စားလှယ်လောင်းတွေရဲ့ ခေါင်းဆောင်မှုအရည်အသွေးဟာ စိတ်ချအားထားရပြီး သူ့အပေါ်မှာ သစ္စာရှိစွာနဲ့ ထောက်ပံ့ပေးနေကြတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အင်အားကိုလည်း ကျေနပ်အားရကြောင်း ပြောဆိုခဲ့ပါသည်။
၀န်ကြီးချုပ်ဟာ သူ့ရဲ့ပါတီဟာ လာမည့်အထွေထွေရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီတွေနဲ့ယှဉ်ပြိုင်ဖို့အသင့်ဖြစ် နေပြီဆိုတာကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲဘယ်တော့ ကျင်းပမယ်ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။