လမ်းဘေးစျေးသည် ၃ဝဝ ကျော် စျေးနေရာရရှိရန် အသနားခံစာတင်

လမ်းဘေးစျေးသည် ၃ဝဝ ကျော် စျေးနေရာရရှိရန် အသနားခံစာတင်

ရန်ကုန်၊ နိုဝင်ဘာလ ၂၉ ။                 ။ ရန်ကုန်မြို့၊ လမ်းမတော် နှင့် လသာမြို့နယ်မှ လမ်းဘေးစျေးသည် ၃ဝဝ ကျော်က စျေးနေရာမရရှိသေးသည့် အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်ထံ နိုဝင်ဘာလ ၂၉ ရက််နေ့တွင် အသနားခံစာ တင်ခဲ့ကြသည်။

" အဓိက ကျွန်မတို့တင်တာကတော့ ဒီပလက်ဖောင်းပေါ်မှာ စျေးမရောင်းရလို့ အဓိကတင်တာ။ ကျွန်မတို့ကို သူတို့က ပထမတုန်းက ဓာတ်ပုံရိုက်တယ်။ မှတ်ပုံတင်နံပတ် ကူးတယ်။ နေရာချပေးမယ်ဆိုပြီး အခုကျတော့ ကျွန်မတို့ မပါလာဘူး။ အရင်က သူတို့ သီးသန့် မပြောဘူး။ စားသောက်ကုန်နဲ့ သစ်သီးတန်းပဲပေးမယ်လို့ အဲ့ဒီလိုမပြောထားဘူး။ အခုလော လောဆယ် လကုန်ရက်ကျမှ မနေ့ကစပြီးတော့ ကျွန်မတို့ကို နှင်တာပေါ့နော်။ လမ်းဘေးမှာ လုံးဝမရောင်းရဘူး ဆိုတဲ့အ ကြောင်း။ အဲ့ဒါကြောင့်မို့လို့ ကျွန်မတို့ စာလာတင်တာ။ "ဟု လသာ လမ်းဘေးစျေးသည် ဒေါ်သန်းသန်းအေးက ပြော သည်။

လွန်ခဲ့သော ၆ လခန့်က လမ်းဘေးစျေးသည်များကို နေရာများချပေးရန် စာတင်ခိုင်းခဲ့ပြီး အဆိုပါ စျေးသည်များက အ မည်များ၊ မှတ်ပုံတင်များ ပေးခဲ့ကြောင်း၊ သို့သော် ယခုနေရာချပေးသည့် အခါတွင် စားသောက်ဆိုင်များနှင့် သစ်သီးဆိုင် များကိုသာ ဦးစားပေးခဲ့ပြီး အဝတ်အထည်နှင့် ကုန်ခြောက်စ္စည်းရောင်းချသူများမှာ နေရာမရရှိကြောင်း အဆိုပါ အသနား ခံစာတင်သည့် စျေးသည်များ၏ ပြောပြချက်အရသိရသည်။

" ဒီ ပျံကျသမားတွေ၊ အထမ်းသမားတွေ နောက်မှလာတဲ့ လူတွေကျတော့ အရင်ရပြီးတော့ ကျွန်မတို့ အရင်က တည်းက ရောင်းနေတဲ့ ၄ဝဝဝ ကျော်ကကျတော့ လုံးဝနေရာလည်းမရဘူး။ ဘယ်လို လုပ်ပေးမှာလည်းမေးပြန်တော့လည်း တစ် ယောက်နဲ့ တစ်ယောက်ကို ဘောလီဘောပုတ်တယ်။ ကိုယ်စားလှယ်လောင်းသွားပြောတဲ့။ သွားပြောတော့လည်း ငါတို့ က အာဏာမရှိဘူး။ စည်ပင်ရုံးသွားပြောတဲ့။ စည်ပင်ရုံးသွားပြောပြန်တော့လည်း ကိုယ်စားလှယ်လောင်းသွားပြောဆို တော့ ကျွန်မတို့က ဘာလဲ။ စျေးရောင်းစားမှ နောက်မှာရှိတဲ့ ကျောင်းသူ /သား၊ သက်ကြီးရွယ် အိုတွေရဲ့ ကျန်းမာရေးစ ရိတ်တွေ အဲ့ဒါတွေကို ဒီစျေးရောင်းစားပြီး လုပ်နေရ တာ။ "ဟု လမ်းဘေးစျေးသည် ဒေါ်ကျင်ကျင်သိန်းက ဆိုသည်။

နိုဝင်ဘာလ ၂၉ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ NLD ပါတီမှ တာဝန်ရှိသူများက အဆိုပါ စျေး သည်များ နှင့်တွေ့ဆုံရန် လသာမြို့နယ်၊ ၁၇ လမ်းရှိ NLD ပါတီ ရုံးခန်းတွင် ချိန်းဆိုထားကြောင်း စျေးသည်များက ဆို သည်။

" ကျွန်မတို့ ဆန္ဒက စျေးရောင်းဖို့ ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ်။ ချောင်ကြိုချောင်ကြားပဲဖြစ်ဖြစ် သတ်မှတ်ပေးဖို့။ ရောင်းချ ပိုင်ခွင့် ပေးဖို့ပေါ့နော်။ ခုက ရောင်းချပိုင်ခွင့်မရှိဘဲနဲ့ ကျွန်မတို့မှာ ခွေးမောင်းသလို မောင်းထုတ်ခံ နေရ တယ် "ဟု လမ်း ဘေး အထည်စျေးသည် ဒေါ်ချိုချိုဦးက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်က စတင်ပြီး အစားအသောက်နှင့် သစ်သီးရောင်းချသည့် စျေးသည် ၁၆ဝဝ ခန့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကမ်းနားလမ်းသို့ ပြောင်းရွေ့ပေးခဲ့သည်။

၂ဝ၁၆ ခုနှစ် ဇူလိုင်လအတွင်း သက်ဆိုင်ရာမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံးများက လမ်းဘေးစျေးသည် စာရင်း များကို ကြိုတင်ကောက်ခံခဲ့ပြီး စက်တင်ဘာလ ၂၂ ရက််မှ ၂၅ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်များအလိုက် မှတ်ပုံတင်ခဲ့ရာ ကျောက်တံတား၊ ပန်းပဲတန်းနှင့် လသာမြို့နယ် ၃ မြို့နယ်ပေါင်း လမ်းဘေးစျေးသည် ဦးရေ ၆ ထောင်ကျော် (၆ဝ၄၁)ဦး ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly