နိုဝင်ဘာ ၂၉၊ လန်ဒန်။ ။ ချယ်လ်ဆီးအသင်း ဥရောပပွဲမကစားရခြင်းက ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် ကြီးမားသည့်အားသာချက်ဖြစ်စေသည်ဟု ဟက်ဇက်က ယုံကြည်နေသည်။
၂၀၁၅-၁၆ ဘောလုံးရာသီတွင် အဆင့် ၁၀ သာရခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းသည် ပြည်တွင်းအဓိကပြိုင်ဘက်အသင်းများနှင့် မတူဘဲ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရသည်။
သို့ဖြစ်ရာ ချယ်လ်ဆီးအသင်းသည် အမှတ်ပေးဇယားဒုတိယနေရာမှ လီဗာပူးလ်အသင်းနည်းတူ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ပိုမိုပြင်ဆင်နိုင်သည်ဟု ဟက်ဇက်က ရှုမြင်နေသည်။
“အဲဒါကောင်းတယ်။ ပွဲအတွက်ပြင်ဆင်ချိန်တစ်ပတ်ရပြီး ပွဲကစားရတဲ့အခါကျဘာလုပ်ရမလဲ ကျွန်တော်တို့သိသွားပြီ။ ပြီးခဲ့တဲ့ နှစ်တုန်းကဆိုရင် ကျွန်တော်တို့ဟာ ပြန်လည်ကြံ့ခိုင်ဖို့လုပ်နေရလို့ ပွဲအတွက်အဆင်သင့်မဖြစ်ခဲ့ဘူး။
အခုတော့ အဲဒီပြဿနာမရှိတော့ဘူး။ ကျွန်တော်တို့တစ်ပတ်လုံး အာရုံစိုက်ထားနိုင်ပြီး အစွမ်းရှိသလောက်ကစားလို့ရနေပြီ။ ကျွန်တော်တို့ဟာ ပြိုင်ဘက်ပေါ်မူတည်ပြီး နည်းစနစ်ပိုင်းပြင်ဆင်တာတွေ၊ ရုပ်သံမှတ်တမ်းကြည့်ပြီး ပြင်ဆင်တာတွေလုပ်လို့ရနေ ပြီ။ ပြင်ဆင်ဖို့အတွက် အားလုံးလုပ်လို့ရနေပြီ”ဟု ဟက်ဇက်က ပြောသည်။
ချယ်လ်ဆီးအသင်းသည် လာမည့်စနေတွင် ဂွာဒီယိုလာ၏ မန်စီးတီးအသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ကစားရမည် ဖြစ်သည်။
Ref; goal.com