ကူးချမှုများရှိသည်ဆိုသည့် အငြင်းပွားဖွယ်ရာ စွပ်စွဲချက်များနှင့် “Legend of the Blue Sea” ဇာတ်ကား

ကူးချမှုများရှိသည်ဆိုသည့် အငြင်းပွားဖွယ်ရာ စွပ်စွဲချက်များနှင့် “Legend of the Blue Sea” ဇာတ်ကား

SBS ဒရာမာရုပ်သံရဲ့ “The Legend of the Blue Sea” ဇာတ်ကားဟာ ပြီးခဲ့တဲ့အပတ်က ပွဲဦးထွက်တင်ဆက် ခဲ့ပြီး အောင်မြင်မှုတွေစောစီးစွာ ရရှိခဲ့ပေမယ့် ကူးချမှုများရှိသည်ဆိုသည့် အငြင်းပွားဖွယ်ရာ အရှုပ်အရှင်းများနှင့် ရင်ဆိုင်နေရပါတယ်။

ဒီဇာတ်လမ်းတွဲကို ကြည့်ရှုသူတချို့ကတော့ ဒီဇာတ်ကားရဲ့ ရိုက်ကူးမှုပုံစံနဲ့ ဗြိတိန်နာမည်ကျော်တီဗွီရုပ်သံ ဇာတ်လမ်းတွဲ ဖြစ်သည့် ရှားလော့ခ်(Sherlock) ဇာတ်ကားတို့ကြားမှာ တူညီမှုလေးတွေ မသိုးမသန့် ရှိနေတာ ကိုသတိထားမိတယ်လို့ ပြောကြပါတယ်။

ဒီဇာတ်ကားထဲမှာ မင်းသား လီမင်ဟိုရဲ့ဇာတ်ကောင်ဟာ ထူးချွန်တဲ့လူလိမ်တစ်ယောက်ဖြစ်ပြီး သူဟာ လူတစ်ယောက်ရဲ့ အသေးစိတ်ကျတဲ့ အချက်အလက်တွေကနေ တဆင့် ထိုသူရဲ့စိတ်ကိုမှန်းဆနိုင်စွမ်း နားလည် နိုင်စွမ်းရှိသူတစ်ယောက်ဖြစ်ပါတယ်။

ဒီလိုအစွမ်းမျိုး ကို Sherlock ဇာတ်ကားထဲမှာလည်း ခေါင်းဆောင်မင်းသားရဲ့စရိုက်ဟာလူတစ်ယောက်ရဲ့ ခန္ဓာ ကိုယ်ပေါ်က မတူညီတဲ့အစိတ်အပိုင်းတွေကိုကြည့်ရင်း ထိုသူရဲ့စိတ်ကိုခန့်မှန်းနိုင်သူဖြစ်တယ်ဆိုတဲ့ ဇာတ်ကွက် မျိုးကို အကြမ်းဖျင်းပြခဲ့ဖူး ပါတယ်။

နောက်ပြီး ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်ဟာ ၁၉၈၄ခုနှစ်ကထွက်ရှိခဲ့တဲ့ “Splash”ဆိုတဲ့ဇာတ်ကားကို ကူးချထား တယ်ဆိုပြီးစွပ်စွဲခံနေရပါတယ်။ Splash ဇာတ်ကားဟာဆိုရင် ငယ်ရွယ်အောင်မြင်တဲ့ စီးပွားရေးသမားလေးဟာ သူ့ကို ပင်လယ်ထဲမှာရေနစ်တုန်းက ကယ်ဆယ်ခဲ့တဲ့ ရေသူမလေးနဲ့ ချစ်ကြိုက်တဲ့အကြောင်းကိုရိုက်ထားတာပါ။

ကြည့်ရှုသူများကတော့ မင်းသမီး ဂျန်ဂျီဟွမ်းရဲ့ ဇာတ်ကောင်ဟာ Splash ဇာတ်ကားထဲက မင်းသမီး Daryl Hannah ရဲ့ ဇာတ်ကောင်နဲ့ တော်တော်လေးကို နီးနီးစပ်စပ်တူညီနေပြီး အချို့ဇာတ်ဝင်ခန်းတွေမှာဆိုရင် သူမရဲ့ စားသောက်ဖို့၊စကားပြောတတ်ဖို့၊ မီးပွိုင့်သင်္ကေတတွေနားလည်ဖို့ သင်ယူပုံတွေဟာ ဆင်တူဖြစ်နေတယ်လို့ ဆိုကြပါတယ်။

(ယခု ဆောင်းပါးဟာ Asia News Network နဲ့ The Jakata Post တို့ရဲ့ မိတ်ဖက်သတင်းမီဒီယာဖြစ်တဲ့ The  Korea Herald သတင်းဝက်ဘ်ဆိုက်မှဖြစ်ပါတယ်။)

Ref: TheJakataPost/ Kpop Herald

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly