ဂျပန်က အနာဂတ်မှာ မီတာ ၃၀ မြင့် ဧရာမဆူနာမီအတွက် ကြိုတင်ပြင်ဆင်ထား

ဂျပန်က အနာဂတ်မှာ မီတာ ၃၀ မြင့် ဧရာမဆူနာမီအတွက် ကြိုတင်ပြင်ဆင်ထား
(ဓာတ်ပုံ - အီးပီအေ)

ဂျပန်နိုင်ငံက လာမယ့် ဆယ်စုနှစ်အနည်းငယ်အတွင်း နိုင်ငံရဲ့ တောင်ပိုင်းကမ်းရိုးတန်းသို့ အလွန်ပြင်းထန်ကြီးမားတဲ့ မီတာ ၃၀ (ပေ ၉၈ ကျော်) အမြင့် ဆူနာမီလှိုင်းတစ်ခု ကျရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

၂၀၁၁ ခုနှစ်က ဖူကူရှီးမားအဖြစ်ဆိုးဟာ ယခုထိ လတ်လတ်ဆတ်ဆတ် ရှိနေမှုနှင့်အတူ အဆိုပါကျွန်းဆွယ်ဟာ အထူးတာဝါများနှင့် ကယ်ဆယ်ရေး လမ်းကြောင်းများ၊ ပင်လယ်မြို့ရိုးနှင့် ယာယီတဲများကို တည်ဆောက်ဖို့ အချိန်လုပြီး လုပ်ဆောင်နေပါတယ်။

ကိုချီစီရင်စု (အရှေ့တောင်ဘက်) ရှိ နာကိုကူကမ်းရိုးတန်းမှ တစ်ကီလိုမီတာနီးပါးမှာ ကယ်ဆယ်ရေး တာဝါအဆောက်အဦး (၉၀) ကို တည်ဆောက်ပြီးဖြစ်ပါတယ်။

လူ ၃၆၂ ဦးဆန့် မီတာ ၂၀ မြင့် ပေါလောပေါ် နှစ်ထပ်အဆောင်အဦးက ဆူနာမီဒဏ်မှာ လွတ်မြောက်ဖို့ အကူညီပေးမှာဖြစ်ပါတယ်။

"ဒီဧရိယာတွေမှာ ကယ်ဆယ်ရေးနေရာ မရှိမဖြစ်အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ ဒေခံတွေကို ကာကွယ်ပေးမယ့် တောင်တန်းတွေ၊ ကယ်ဆယ်ရေး နေရာတွေနဲ့ အဆောက်အဦးတွေ မရှိပါဘူး"လို့ နာကိုကူမြို့ကောင်စီရဲ့ အန္တရာယ်စီမံခန့်ခွဲမှုဌာနဦးစီး မာနာဘူ နိုမူရာက ရှင်းပြပါတယ်။

၁၄.၅ မီတာနက် အခြေခံအုတ်မြစ်ပါ ၅ ထပ်အဆောက်အအုံနှင့် ညီမျှတဲ့ ဖွဲ့စည်းပုံတွေကို ထောက်ပံ့ပေးပြီး အချို့တာဝါများမှာ ၃၉ မီတာ အနက်ရှိကာ ၎င်းတို့ရဲ့ အဓိက ရည်မှန်းချက်မှာ ဧရာမဆူနာမီနဲ့ ရင်ဆိုင်အတွေ့မှာ တည်ငြိမ်စေဖို့ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က ဂျပန်ရဲ့ အရှေ့မြောက်ဘက် ကမ်းရိုးတန်းမှာ ပြင်အား ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲနှင့်အတူ ၁၅ မီတာမြင့် ဆူနာမီလိုင်းလုံးများ ဖြစ်ပေါ်ခဲ့ပါတယ်။ နန်ကိုင်းသို့ ငလျင်လှုပ်ခတ်ခဲ့ပါက ဂျပန်အစိုးရက ပျက်စီးဆုံးရှုံးနိုင်ခြေ ခန့်မှန်းချက်များနှင့် တွက်ချက်မှုများကို ပြန်လည်ပြင်ဆင်ထားပါတယ်။

လေ့လာမှုများက လာမယ့်နှစ် ၃၀ အတွင်း နန်ကိုင်းမှာ ရ၀ ရာခိုင်နှုန်းဖြစ်နိုင်ချေရှိတဲ့ ပြင်အား ၈ နှင့် ၉ အကြား ငလျင်တစ်ခု လှုပ်ခတ်ပါက ၎င်းငလျင်ကြောင့် လူ ၃၂၃,၀၀၀ ဦး သေဆုံးနိုင်ပြီး အိမ်ပေါင်း ၂ သန်းကျော် လုံးဝ ပျက်ဆီးနိုင်သလို စီးပွားရေးအရ နှစ်စဉ် အမျိုးသားဘတ်ဂျက် နှစ်ဆ ပမာဏ ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်ပါတယ်လို့ ဆိုပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်များက ဆူနာမီနှင့် ငလျင် ကြိုတင်ပြင်ဆင်မှုအတွက် နှစ်စဉ် ယန်းငွေ ၄၄ ဘီလီယံ (ဒေါ်လာ ၃၉၅ သန်းကျော်) ရင်းနှီးမြှုပ်နှံနေကြပါတယ်။ ဒါက ၂၀၁၁ ခုနှစ် ကပ်ဘေးဒုက္ခမတိုင်ခင် သုံးစွဲခဲ့တဲ့ ပမာဏာရဲ့ နှစ်ဆဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဖြစ်ရပ်ဆိုးကြောင့် ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်မှာ  လူ ၂၀,၀၀၀ သေဆုံးပြီး လူ ၄၇၀,၀၀၀ အိုးအိမ်မဲ့ဖြစ်ခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required